Home
မြန်မာသတင်း
ကလေးမြို့တွင် ဆိုင်ကယ်သူခိုးဂိုဏ်းကို ဆိုင်ကယ် ၃၆  စီးနှင့်အတူဖမ်းမိ
DVB
·
December 3, 2019
78973767_1433662903476266_8928473131270537216_o
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ရာဇဂြိုဟ်ရွာနဲ့ အောင်ရွာကြား လမ်းဘေးတဲငယ်အတွင်း မသင်္ကာ လူငယ်တဦးကိုတွေ့ရှိ စစ်ဆေးရာက နောက်ထပ် လူလေးဦးနဲ့အတူ ဆိုင်ကယ် ၃၆ စီးကို  ဖမ်းမိခဲ့တယ်လို့ ကလေးမြို့မရဲစခန်းက သိရပါတယ်။ နယ်ထိန်းခေါင်းဆောင် ရဲအုပ်ဗိုလ်ဗိုလ်အောင်က “ကျနော်တို့ အရင်လ ၁၇ ရက်နေ့က မသင်္ကာတဦးတွေ့တယ်။ အဲ့ဒါကို စစ်ဆေးလိုက်တော့ နောက်ထပ် လေးဦးနဲ့အတူ ခိုးရာပါ ဆိုင်ကယ် ၃၆ စီးကို ဖော်ထုတ် သိမ်းဆည်းနိုင်ခဲ့တယ်။ ပိုင်ရှင်ဖော်ထုတ်ပြီး ပြန်လည်ပေးအပ်သွားမယ်လို့ ပြောပါတယ်။ ဆိုင်ကယ်တွေရဲ့ ၀ယ်လက်တွေထံ ရဲတပ်ဖွဲ့က လိုက်လံစုံစမ်း သိမ်းဆည်းရာမှာ ကလေးနယ်တင်မကပဲ မုံရွာနယ်အထိ လိုက်လံ ဖော်ထုတ် သိမ်းဆည်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဆိုင်ကယ် ၃၆ စီးနဲ့အတူ ခိုးသူလို့ ယူဆရတဲ့ အမျိုးသား ၅ ဦးကိုလည်း နို၀င်ဘာ လဆန်းပိုင်းက ဖမ်းဆီးမိခဲ့ပါတယ်။ သိမ်းဆည်းရမိတဲ့ ဆိုင်ကယ်တွေထဲမှာ ၁၂၅ အမျိုးအစားက  ၁၃စီး၊ အော်တိုဆိုင်ကယ် ၁၃စီး၊ FZ ၄ စီး၊ ကလပ်ဘီးကြီး ၆ စီးနဲ့ စုစုပေါင်း ၃၆ စီး ရှိပါတယ်။ လက်ရှိမှာ  ဆိုင်ကယ်ခိုးသူလို့ ယူဆရတဲ့ ကျော်စိုးသန်း၊ ထွန်းထွန်း၊ ကောင်းထက်ဇော်၊ ဇော်ထွေးနဲ့ နိုင်လင်းတို့ တို့ကို ဆိုင်ကယ်ပိုင်ရှင် တဦးချင်းဆီကနေ အမှုဖွင့်တရားစွဖို့ စီစဉ်နေ ပါတယ်။ သတင်း- မင်းရဲစစ်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024