DVB

Eng
TV News
  • သတင်း
    • ဓာတ်ပုံ
    • နိုင်ငံရေး
    • ရွေးကောက်ပွဲ
      • ၂၀၁၅ ရွေးကောက်ပွဲ
    • စီးပွားရေး
    • နည်းပညာ
    • ကျန်းမာရေး
    • ပညာရေး
    • လူမှုရေး
    • ဘာသာရေး
    • စစ်ရေး
    • အနုပညာ
    • မှုခင်း
    • အားကစား
    • သဘာဝပတ်ဝန်းကျင်/ရာသီဥတု
    • သတင်းမီဒီယာ
    • လယ်သမား
    • အလုပ်သမား
    • နိုင်ငံတကာ
    • တိုင်းရင်းသားရေးရာ
  • ဆောင်းပါး
    • သုံးသပ်ချက်
    • အာရွ​ေဒသ
  • အယ်ဒီတာအာဘော်
  • မေးမြန်းခန်း
  • ရင်ဖွင့်စာ
  • ငြိမ်းချမ်းရေး
  • ရွေးကောက်ပွဲ
DVB

Lead Story သတင်း အလုပ်သမား

မန္တလေးတွင် ကျောက်စိမ်းအချောထည်ကုမ္ပဏီအလုပ်သမားများ ဆန္ဒပြ

  • By အောင်အောင်နိုင်
  • 3 December 2019
  • Print
  • Email
    • Tweet

Email This Story :

  • Send Story

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် ၆၂ လမ်း ၆၃ လမ်းကြား သိပ္ပံလမ်းက ကျောက်စိမ်းအချောထည်လုပ်ငန်း အောင်ပြည့်ဝဖြိုးကုမ္ပဏီ အလုပ်သမား ၄၀ ကျော်ဟာ အလုပ်သမားအခွင့်အရေး အပြည့်အဝရရှိဖို့အတွက် ဒီဇင်ဘာ ၃ ရက်က တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။

အလုပ်သမားခေါင်းဆောင် မခိုင်ရွှေဝါက “အလုပ်သမားတွေရဲ့ ရသင့်ရထိုက်တဲ့အခွင့်အရေး တခုမှမရဘူး။ အလုပ်သမားအဖွဲ့အစည်းအားလုံး ဖွဲ့စည်းခွင့်တခုမှ မရခဲ့ဘူး။ အခုကျမတို့ အလုပ်သမား သမဂ္ဂဖွဲ့စည်းဖို့ လုပ်တော့ ဖွဲ့စည်းခွင့်မပြုဘူး။ ဖွဲ့မယ်ဆိုရင်အလုပ်က ထုတ်ပြစ်မယ်လို့ ခြိမ်းခြောက်တယ်။ ဒါကြောင့် ကျနော်တို့က ဆန္ဒထုတ်ဖော်ပြီး တောင်းဆိုရတာ”လို့ ပြောပါတယ်။

မြန်မာနိုင်ငံ စက်မှုလက်မှုနဲ့  ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားများသမဂ္ဂအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကိုမင်းသက်ထွေးတို့ လာရောက်ညှိနိုင်းပေးခဲ့ပေမယ့် ပြေလည်မှု မရရှိခဲ့ပါဘူး။

အလုပ်သမားအဖွဲ့အစည်း မှတ်ပုံတင်နေချိန် ကာလအတွင်း အလုပ်သမားတွေကို အလုပ်မှ မထုတ်ပယ်ရေး၊ လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့်ရရှိရေး၊ သန့်ရှင်းသော သောက်သုံးရေ အပြည့်အဝ ရရှိရေး၊ ရက်သတ္တပါတ် အလုပ်ပိတ်ရက်ရရှိရေး၊ အများပြည်သူ အလုပ်ပိတ်ရက်ရရှိရေး၊ တပတ်လုပ်ချိန် ၄၄ နာရီရရှိရေး၊ OT ကြေးများ ပြန်လည်ရရှိရေး၊ EC စာချုပ် ချုပ်ဆိုပေးရေး စတဲ့ အချက် ၁၆ ချက်ကို အလုပ်သမားတွေက တောင်းဆိုဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

အောင်ပြည့်ဝဖြိုး ကုမ္ပဏီဟာ ကျောက်စိမ်းလက်ကောက်၊ ဆွဲသီး၊ ပန်းကြောက်ပြား အချောထည်ကုန်ပစ္စည်းတွေကို အဓိကရောင်းချတဲ့ ကုမ္ပဏီတခုဖြစ်ပြီး တရုတ်အလုပ်သမား ၂၀၀ကျော်နဲ့ မြန်မာအလုပ်သမား ၅၀ ကျော်နဲ့ လုပ်ကိုင်နေကြပါတယ်။

အလုပ်သမားတွေရဲ့တောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး ကျောက်စိမ်းလက်ကောက် အချောထည်လုပ်တဲ့ အောင်ပြည့်ဝဖြိုးကုမ္ပဏီ တာဝန်ခံ ဒေါ်ဖြူဖြူမြင့်ကို ဆက်သွယ်မေးမြန်းရာမှာ ဖြေဆိုခြင်းမရှိခဲ့ပါဘူး။

Tags: မန္တလေးတွင် ကျောက်စိမ်းအချောထည်ကုမ္ပဏီအလုပ်သမားများ ဆန္ဒပြ

  • Previous story မော်လိုက်မြို့အနီး အင်အားအနည်းငယ်ရှိ  မြေငလျင်လှုပ်
  • Next story အိတ်ထဲက သိန်းခြောက်သောင်းခွဲ ပျောက်ဆုံးသွားခြင်း
  • Facebook

    Facebook

    Jobs at DVB

    Ethnic

    သုတကေဖး

    DVB SMS

  • သတင်းဓာတ်ပုံ

    • gallery

      ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ် သိပ္ပံပွဲခင်းကျင်းပနေ

  • DVBSatellite

    DVB LAW LAB

    Movie Crazy

    Talk to DVB

  • Most Popular

    • Viewed
    • Comments
    • Recent
    • 01 ဂျီနိုစိုက်အရေး အဖြေရှာတွေ့ပြီ 
    • 02 ICJ တရားရုံးတွင် ပါမောက္ခ မစ္စ ဖိုဘီအိုကိုဝါ၏ ထွက်ဆိုချက်
    • 03 ဝီဂါကလေးများကို အကြမ်းဖက်တိုက်ခိုက်နည်း သင်တန်းပေး (ရုပ်သံ)
    • 04 ကြားဖြတ်တားဆီးမိန့်ချမှတ်ပေးရန်  ICJ ထံ ဂမ်ဘီယာနိုင်ငံ၏ ပန်ကြားချက် (၅) ချက် 
    • 05 လူမျိုးတုံးသတ်ဖြတ်ခြင်းမရှိဟု ICJ တရားရုံး၌ ဒေါ်အောင်ဆန်းစုကြည် လျှောက်လဲ
    • 01 စပိန် ရာသီဥတုဆိုင်ရာ ချီတက်ဆန္ဒပြပွဲ ဆွီဒင်ဆယ်ကျော်သက် ပူးပေါင်း
    • 02 White Island ကျွန်း မီးတောင်ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၁၅ ဦးရှိပြီ
    • 03 သက်ထားသူဇာ ကွာတားဖိုင်နယ်တွင် အင်ဒိုနီးရှားကစားသမားကို ရှုံးနိမ့်
    • 04 ကတ်စနစ် တပ်ဆင်အသုံးပြုရန် YBS ကုမ္ပဏီ ၄ ခု သဘောတူလက်မှတ်ရေးထိုး
    • 05 နိုင်ငံအတွက် ခရစ်ယာန်ဘာသာဝင်များ အစာရှောင် ဆုတောင်း
    • 01 White Island ကျွန်း မီးတောင်ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၁၅ ဦးရှိပြီ
    • 02 ယူနိုက်တက်အသင်း လူငယ်ကစားသမားများနှင့် ဆုဖလားရရန် လုပ်မည်ဟု တွန်မီနေးပြော
    • 03 မလေးရှားဝန်ကြီးချုပ်ကို ကာတာတက္ကသိုလ်၏ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်
    • 04 ဒါဘီအသင်းနှင့်အတူ အောင်မြင်မှုရယူရန် ရွန်နီ မျှော်လင့်
    • 05 နေပြည်တော်လေဆိပ်သို့ ပြန်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ)
  • DVB
  • Facebook
  • Live
  • Audio
  • Video
  • သတင်း
  • နိုင်ငံရေး
  • စီးပွားရေး
  • လူမှုရေး
  • ကျန်းမာရေး
  • ဘာသာရေး
  • ပညာရေး
  • အလုပ်သမား
  • လယ်သမား
  • အနုပညာ
  • စစ်ရေး
  • မှုခင်း
  • နိုင်ငံတကာ
  • သတင်း
  • အာရှဒေသ
  • အားကစား
  • ဆောင်းပါး
  • ေရဒီယုိ
  • DVB Radio Daily
  • Ethnic Radio
  • မေးမြန်းခန်း
  • လွှတ်တော်ရေးရာ
  • သုံးသပ်ချက်
  • သတင်းတို
  • Privacy Policy
  • Contact

© Copyright 2013 DVB.