DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသားနယ်မြေအားလုံးတွင် ထိုးစစ်ရပ်ရန် ကရင်လက်နက်ကိုင်အဖွဲ့ တောင်းဆို
DVB
·
January 31, 2013
တိုင်းရင်းသားနယ်မြေအားလုံးတွင် ထိုးစစ်ရပ်ရန် ကရင်လက်နက်ကိုင်အဖွဲ့ တောင်းဆို
Donate to DVB

တိုင်းရင်းသားနယ်မြေအားလုံးမှာ ထိုးစစ်တွေရပ်စဲဖို့  ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်အေ) က ပြောကြား လိုက်ပါတယ်။

ထိုင်း-မြန်မာနယ်စပ်အနီးက  ကေအန်အယ်လ်အေ တပ်မဟာ ၇ နယ်မြေမှာ ဒီနေ့မနက်က ကျင်းပတဲ့ ၆၄ နှစ်မြောက် ကရင်တော်လှန်ရေးနေ့မှာ ပြောကြားလိုက်တာပါ။

[caption id="attachment_35961" align="alignright" width="150" caption=" ကေအန်အယ်လ်အေ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂျော်နီ"][/caption]

ဒီအခမ်းအနားကို ကေအန်အယ်လ်အေ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂျော်နီနဲ့ ကေအန်ယူ ဥက္ကဋ္ဌ မူတူးစေးဖိုးတို့  အပါအ၀င် ကရင်နဲ့ မဟာမိတ်အဖွဲ့အစည်းတွေက ပုဂ္ဂိုလ်တွေပါ တက်ရောက်ခဲ့ကြပြီး ကရင်လူငယ်တွေက ဒုံးယိမ်းအကတွေနဲ့ ကခုန်ဖျော်ဖြေခဲ့ကြပါတယ်။

အခမ်းအနားမှာ ဗိုလ်မှူးချုပ် ဂျော်နီက တတိုင်းပြည်လုံး တိုင်းရင်းသားနယ်တွေမှာ ထိုးစစ်တွေရပ်မှ ငြိမ်းချမ်းရေးရမယ်လို့ ဒီကနေ့  ကရင်တော်လှန်ရေးနေ့နဲ့ ပတ်သက်ပြီး သတင်းမီဒီယာတွေရဲ့ အမေးကို အခုလို ပြောကြားသွားပါတယ်။

““ကျနော်တို့ လူမျိုးတမျိုးဆိုတော့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ရှိရမှာပေါ့။ အခုဘာမှာ သူတို့မပေးဘူး။ တနှစ်ကျော်ကာလအတွင်း ခိုင်မာတဲ့ အပစ်အခတ်ရပ်စဲရေး အခုထိ မရသေးဘူး။ ကျနော်တို့ ကရင်အပါအ၀င် တိုင်းရင်းသားအားလုံး တန်းတူအခွင့်အရေးရရှိဖို့ လိုချင်တယ်။ ဗမာပြည်မှာရှိတဲ့ တိုင်းရင်းသားအားလုံးရဲ့ နယ်မြေတွေမှာ ထိုးစစ်တွေရပ်ဆိုင်းဖို့၊ နိုင်ငံရေးနည်းအရဖြေရှင်းဖို့ တိုင်းရင်းသားအားလုံးပါဝင်တဲ့ အဖွဲ့တဖွဲ့ပါဝင်ဖို့ ကျနော် ထည့်ဆွေးနွေးမယ်။”

ကရင်အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အတော်များများနဲ့ အစိုးရအကြား အပစ်အခတ်ရပ်စဲရေး  သဘောတူညီမှုတွေ ရထားပေမယ့် ကချင်ပြည်နယ်မှာ  တိုက်ပွဲတွေ အပြင်းအထန် ဆက်ဖြစ်ပွားနေတဲ့အပေါ် ရည်ညွှန်းပြီး တပြည်လုံး အပစ်အခတ် ရပ်စဲဖို့လိုတဲ့ အကြောင်း ဗိုလ်မှူးချုပ်ဂျော်နီက ပြောသွားတာ ဖြစ်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဥက္ကဋ္ဌ မူတူးစေးဖိုးကတော့   ကေအန်စိုးရအကြား  ၃ ကြိမ် တွေ့ခဲ့ပြီးဖြစ်သလို ဆက်ဆွေးနွေးဖို့ ရှိတယ်လို့ ပြောပါတယ်။

“ကျနော်တို့ ၃ ခါတွေ့ပြီးပြီ။ အထူးသဖြင့် အပစ်အခတ်ရပ်စဲရေးပီပြင်အောင် နှစ်ဖက်စလုံးကလိုက်နာရမယ့် ကျင့်ဝတ်တွေနဲ့ ပတ်သက်တာ ဆွေးနွေးဖို့ရှိတယ်။”

ကေအန်ယူဟာ ၁၉၄၈ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး ဇန်န၀ါရီ ၃၁ ရက်နေ့မှာ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေရရှိရေးအတွက် လက်နက်ကိုင် တိုက်ပွဲစတင်ခဲ့တာမို့ ခုဆိုရင်  ၆၄ နှစ်ကြာရှိနေပြီ ဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန် လက်ထက်မှာမှ ကေအန်ယူနဲ့ အစိုးရအကြား လွန်ခဲ့တဲ့ ၁ နှစ်လောက်ကစပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရခဲ့တာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013