DVB Logo
Home
မြန်မာသတင်း
ကချင်တိုက်ပွဲ သတင်းဓာတ်ပုံ မှားယွင်းဖော်ပြမိကြောင်း အစိုးရသတင်းစာဝန်ခံ
DVB
·
January 31, 2013
ကချင်တိုက်ပွဲ သတင်းဓာတ်ပုံ မှားယွင်းဖော်ပြမိကြောင်း အစိုးရသတင်းစာဝန်ခံ
1 / 3
Donate to DVB

ကချင်တိုက်ပွဲနဲ့ ပတ်သက်ပြီး နိုင်ငံပိုင်သတင်းစာတွေမှာ မှားယွင်းဖော်ပြခဲ့တဲ့  သတင်း ဓာတ်ပုံ ၁ ပုံဟာ  နိုင်ငံပိုင်သတင်းဌာနဖြစ်တဲ့  မြန်မာ့သတင်းစဉ်က ပေးပို့တဲ့ သတင်းဓာတ်ပုံဖြစ်တယ်လို့ ကြေးမုံသတင်းစာတိုက် စာတည်းမှူးချုပ်က ဒီဗွီဘီကို ပြောပါတယ်။

ဇန်န၀ါရီ ၂၈ ရက်ထုတ် နိုင်ငံပိုင်သတင်းစာမှာ မြစ်ကြီးနား-ပူတာအို ကားလမ်းပေါ် ကေအိုင်အေအဖွဲ့က မိုင်းဆွဲတိုက်ခိုက်သတင်း ဖော်ပြရာမှာ အဲပုဂံလေယာဉ်ပျက်ကျတုန်းက  တိုက်မိပြီး  မီးလောင်ပျက်စီးနေတဲ့ မော်တော်ဆိုင်ကယ် ဓာတ်ပုံကို မှားယွင်း ဖော်ပြခဲ့တာပါ။

[caption id="attachment_35948" align="alignleft" width="150" caption="မှားယွင်းဖော်ပြခဲ့သည့် အဲပုဂံလေယာဉ်ပျက်ကျစဉ် မီးလောင်ပျက်စီးခဲ့သည့် မော်တော်ဆိုင်ကယ် ပုံ"][/caption]

ကြေးမုံသတင်းစာအယ်ဒီတာချုပ် ဦးခင်မောင်ကျော်ဒင်ကတော့  သတင်းစာတိုက်အနေနဲ့ လူအင်အားနဲ့ အချိန်နည်းပါးတာကြောင့် မစိစစ်နိုင်ဘဲ ထည့်ခဲ့မိတာလို့ ပြောပါတယ်။

“သတင်းစာတိုက်ကတော့ သတင်းစဉ်ကပေးတာ မှန်ပါတယ်။ သတင်းစဉ်ကပေးလိုက်တဲ့အတိုင်း ထည့်လိုက်တာပါ။ ကျနော်လည်း အယ်ဒီတာအဖွဲ့တွေကို ပြောပါတယ်။ အခုက ပွင့်လင်းမြင်သာနေပြီလေ။ အယ်ဒီတာရဲ့လုပ်ပိုင်ခွင့်အပိုင်းတွေရှိတယ်။ အယ်ဒီတာရဲ့ လွတ်လပ်ခွင့်တွေ ရှိတယ်။ မသိရင်သင်ရမယ်။ အဲဒါလေးတွေလုပ်ရမယ်။ သတင်းစဉ်ကမှားတာနဲ့ မှားတာပေါ့။”

ဒီကိစ္စနဲ့ ပတ်သက်ပြီး သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်းက ဒီနေ့ထုတ်သတင်းစာတွေကနေ တရားဝင် တောင်းပန်ခဲ့ပါတယ်။  ဒီတောင်းပန်ချက်နဲ ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဒုတိယ၀န်ကြီးဦးရဲထွဋ်က ဒီအမှားကြောင့် သတင်းစာကို လူထု ယုံကြည်မှု ကျဆင်းစေတယ်လို့ သူ့ရဲ့ ဖေ့ဘွတ်လူမှုကွန်ရက် အင်တာနက်စာမျက်နှာမှာ ရေးသား ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် သတင်းစဉ်ရော၊ သတင်းစာတွေရော အကုန်ပြင်ရမယ်။ တယောက်ကို တယောက်လွှဲချနေလို့ ဘယ်တော့မှ တိုးတက်မှာ မဟုတ်ဘူး။ သတင်းစာတစောင်မှာ သတင်းစဉ်ကပေးတဲ့သတင်းက ပျမ်းမျှ ၂၀ ရာခိုင်နှုန်းလောက်ပဲ ပါပါတယ်။ ကျန်တာက သက်ဆိုင်ရာသတင်းထောက်များက ပေးတဲ့သတင်း၊ နိုင်ငံတကာသတင်း၊ နယ်သတင်းတွေ ဖြစ်တယ်။ ဘယ်သတင်းဖြစ်ဖြစ် စိစစ်ရမှာပဲဖြစ်တယ်လို့လည်း ဒုဝန်ကြီးဦးရဲထွဋ်က သူ့အမြင်ကို ရေးသား ဖော်ပြခဲ့ပါတယ်။

မြန်မာ့သတင်းစဉ်ဟာ  နိုင်ငံအကြီးအကဲသတင်း၊ အစိုးရအဖွဲ့သတင်းနဲ့ တခြား အရေးကြီး သတင်းတွေကို ရေးသားထုတ်ဝေ ဖြန့်ချိတဲ့ နိုင်ငံပိုင်သတင်းဌာန ဖြစ်ပြီး၊ ဒီသတင်းဌာနက ထုတ်တဲ့ သတင်းတွေကို သတင်းစာတိုက်တွေက အရင်အတိုင်းပဲ ရိုက်နှိပ်ဖော်ပြလေ့ ရှိတာပါ။

သတင်းစာတွေကို ပြည်သူ့ဝန်ဆောင်မှုသတင်းစာတွေအဖြစ် ပြောင်းမယ်ဆိုပြီးတဲ့နောက် သတင်းစာ အယ်ဒီတာတွေအနေနဲ့  လွတ်လွတ်လပ်လပ် စိစစ်ခွင့်ရှိလာပါပြီလို့  ကြေးမုံသတင်းစာ အယ်ဒီတာချုပ် ဦးခင်မောင်ကျော်ဒင်က ပြောပါတယ်။

“ချို့ယွင်းချက်တွေရှိတာကတော့ လူသားအရင်းအမြစ်နဲ့ အလစ်ဟာဆုံးကတော့ အချိန်ပေါ့။ အဲအခက်အခဲတွေကြားထဲက လူသားအရင်းအမြစ်ခေါင်းပါးတဲ့အထဲ အမြန် ပိုက်စိပ်တိုက်လုပ်ရတာကိုး။ စက္ကန့်မိနစ်မဆိုင်းလုပ်ရတာပေါ့။ အဲလိုအခက်အခဲတွေ ကြုံရတော့ တောင်းပန်တာပေါ့။ နောင် ဒီလိုမဖြစ်အောင် ကြိုးစားလုပ်သွားရမှာပေါ့။ အရင်ကတော့ သတင်းတွေက လွတ်လပ်မှုနည်းခဲ့တယ်။ အခုကတော့ လွတ်လပ်မှုရှိလာပါပြီ။ အဲတော့ ကျနော်တို့ဘက်ကလည်း ပြည်သူတွေကို မှန်မှန်ကန်ကန် တင်ပြနိုင်ဖို့ လုပ်ရမှာပါ။”

ကြေးမုံနဲ့ မြန်မာ့အလင်းသတင်းစာ ၂ စောင်ကို ၂၀၁၃ ခုနှစ် ဩဂုတ်လက စပြီး အများပြည်သူ့ ၀န်ဆောင်မှု သတင်းစာတွေအဖြစ် ပြောင်းမယ်လို့ သက်ဆိုင်ရာက ကြေညာထားပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013