DVB Logo
Home
မြန်မာသတင်း
ဦးဆန်းဆင့်ကို သာသနာရေးဝန်ကြီးခန့်ရန် လွှတ်တော်အတည်ပြု
DVB
·
January 31, 2013
ဦးဆန်းဆင့်ကို သာသနာရေးဝန်ကြီးခန့်ရန် လွှတ်တော်အတည်ပြု
Donate to DVB

ဇန်န၀ါရီ ၃၁ ရက်နေ့မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ဧရာဝတီတိုင်း လွှတ်တော် ဥက္ကဋ္ဌ ဦးဆန်းဆင့်ကို  သာသနာရေးဝန်ကြီးအဖြစ် ခန့်အပ်လိုကြောင်း သမ္မတရဲ့ တင်ပြချက်ကို လွှတ်တော်က အတည်ပြု ပေးလိုက်ပါတယ်။

ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးလိုက်ပုံနဲ့  လွှတ်တော်နာယကရဲ့ ပြောကြားချက်တွေကို သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက “ဧရာဝတီတိုင်း လွှတ်တော် ဥက္ကဋ္ဌ ဦးဆန်းဆင့်ကို  သာသနာရေးဝန်ကြီးအဖြစ် သမ္မတက တာဝန်ပေးတဲ့ကိစ္စမှာ လွှတ်တော်ကအတည်ပြုကြောင်း ကြေညာတော့ ဧရာဝတီတိုင်းသား ဦးမန်းမောင်မောင်ဥာဏ်က ဦးဆန်းဆင့်နဲ့ပတ်သက်ပြီး ပြည်သူလူထုဟာ ဧရာဝတီတိုင်းလွှတ်တော်ဥက္ကဋ္ဌကနေ မပြောင်းစေချင်ဘူး ဆိုတာ ကြားသိရပါတယ်။ ဒါကိုထပ်ပြီး သူ့ရဲ့သဘောထားကို မေးစေချင်ပါတယ်လို့ ထပ်ပြီး တင်တော့ နာယကက ဒီကိစ္စဟာ တာဝန်ပေးတဲ့ နိုင်ငံတော်သမ္မတရဲ့ ကိစ္စဖြစ်တယ်။ လွှတ်တော်ကတော့ လွှတ်တော်ကိုတင်လာရင် ထောက်ခံမှာလား၊ ကန့်ကွက်မှာလား။ ကန့်ကွက်မယ်ဆိုရင်လည်း သူ့သတ်မှတ်ထားတဲ့ အရည်အချင်းမပြည့်မီကြောင်း အထောက်အထားပြနိုင်ရမယ်။ မပြနိုင်ရင်တော့ ထောက်ခံပေးရုံပဲရှိတယ်လို့ ဖြေလိုက်တယ်။”

ဧရာဝတီတိုင်းလွှတ်တော်ဥက္ကဋ္ဌကို သာသနာရေးဝန်ကြီးအဖြစ် ပြေင်းလဲခန့်ထားမှာကို တိုင်းအတွင်းရှိ ပြည်သူတချို့က ကန့်ကွက်မှုတွေ ရှိနေတဲ့ကြားက ခုလို လွှတ်တော်က အတည်ပြုပေးလိုက်တာလည်းဖြစ်ပါတယ်။

[caption id="attachment_35966" align="alignleft" width="150" caption="ဦးဆန်းဆင့်"][/caption]

လွှတ်တော်က အတည်ပြုပေးလိုက်တဲ့အပေါ် ဦးဆန်းဆင့်က “လွှတ်တော်ရဲ့ဆုံးဖြတ်ချက်အတိုင်း ကျနော်ဆောင်ရွက်ရမှာဖြစ်ပါတယ်။ အများက ကျနော့်ကိုမကန့်ကွက်တဲ့အတွက် အများဆန္ဒအတိုင်းဆောင်ရွက်မယ့်သဘောလို့ပဲ ဖြေပါရစေ” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်ကို သာသနာရေးဝန်ကြီးအဖြစ် ခန့်အပ်ဖို့ ဇန်န၀ါရီလ ၂၂ ရက်မှာ သမ္မတက လွှတ်တော်ကို သ၀ဏ်လွှာပေးပို့ထားပြီး လွှတ်တော်က ဇန်ဝါရီလ ၃၁ ရက်မှာ အတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။

ဧရာဝတီတိုင်းလွှတ်တော်ဥက္ကဋ္ဌသစ်ကိုတော့  ဘယ်သူ့ကို ဘယ်အချိန်မှာ ရွေးချယ်ခန့်အပ်မယ်ဆိုတာကို မသိရသေးပါဘူး။

ပြီးခဲ့တဲ့  ဇန်နဝါရီ ၁၆ ရက်နေ့က သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးမြင့်မောင် ရာထူးက အနားယူသွားတဲ့အတွက်  သူ့နေရာမှာ  အစားထိုးခန့်အပ်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013