
Lead Story နိုင်ငံတကာ သတင်း သဘာဝပတ်ဝန်းကျင်/ရာသီဥတု
ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေး စည်းလုံးကြရန် ကုလသမဂ္ဂအကြီးအကဲ တိုက်တွန်း

Email This Story :
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီ ဂူတာရက်စ်က ကမ္ဘာ့ခေါင်းဆောင်တွေကို ရာသီဥတု ပြောင်းလဲမှုတိုက်ဖျက်ရေး စည်းစည်းလုံးလုံး လှုပ်ရှားဖို့ တိုက်တွန်းရင်း ကမ္ဘာကြီးဟာ ရာသီဥတု ကပ်ဘေးပြဿနာနဲ့ ရင်ဆိုင်နေရတယ်လို့လည်း ဒီဇင်ဘာ ၁ ရက်က ပြောပါတယ်။
စပိန်နိုင်ငံမြို့တော် မက်ဒရစ်မှာ ကျင်းပမယ့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကုလသမဂ္ဂ ညီလာခံ COP25 မတိုင်မီ တရက်အလိုမှာ ဂူတာရက်စ်က အခုလို သတိပေးလိုက်တာပါ။
ရာသီဥတုပြောင်းလဲမှုဟာ ရေရှည်ပြဿနာ မဟုတ်ဘဲ ကမ္ဘာ့မြေကြီးနဲ့ ရေအောက်တွေကို တူးဖော်တာတွေ ရပ်ပြီး ပြည့်ဖြိုးမြဲစွမ်းအင်၊ သဘာဝအခြေခံတဲ့ ဖြေရှင်းနည်းတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် အသာစီးရယူဖို့ ဂူတာရက်စ်က သတင်းထောက်တွေကို ပြောပါတယ်။
ကမ္ဘာ့တိုက်ကြီးတွေမှာ ရေကြီးရေလျှံမှုကနေ တောမီးလောင်တာအထိ ရာသီဥတု လွန်ကဲမှု တွေ ရင်ဆိုင်နေရချိန် ဒီဇင်ဘာ ၂ ရက်ကနေ ၁၃ ရက်အထိ ကျင်းပမယ့် COP25 ရာသီဥတုအရေး ညီလာခံမှာတော့ ကမ္ဘာ့ခေါင်းဆောင်တွေ ဖိအားများလိမ့်မယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
COP25 ရာသီဥတုအရေးညီလာခံကို အခုနှစ်ရဲ့အလှည့် ဥက္ကဋ္ဌအဖြစ် ချီလီနိုင်ငံမှာ လက်ခံကျင်းပရမှာ ဖြစ်ပေမယ့် ချီလီနိုင်ငံတွင်း မငြိမ်မသက်မှုတွေကြောင့် အစီအစဉ်ကို ပယ်ဖျက်လိုက်ရတာပါ။
ညီလာခံကို စပိန်နိုင်ငံမှာ ပြောင်းလဲကျင်းပလိုက်ပေမယ့် ညီလာခံဥက္ကဋ္ဌအဖြစ် ချီလီနိုင်ငံက ဆက်လက်ဦးဆောင် တာဝန်ယူမှာ ဖြစ်ပါတယ်။