Homeရုပ်သံ
အောင်ရဲထိုက်၊ သင်ဇာဝင့်ကျော်တို့ ပါဝင်သည့် သန်းခေါင်ယံရုပ်ရှင် ဒီဇင်ဘာ ၅ ရက် ရုံတင်မည် (ရုပ်ရှင်နမူနာ)
အောင်ရဲထိုက်၊ သင်ဇာဝင့်ကျော်တို့ ပါဝင်သည့် သန်းခေါင်ယံရုပ်ရှင် ဒီဇင်ဘာ ၅ ရက် ရုံတင်မည် (ရုပ်ရှင်နမူနာ)
DVB
·
December 2, 2019

လူငယ်မျက်နှာသစ် သရုပ်ဆောင်မင်းသား အောင်ရဲထိုက်နဲ့ နာမည်ကြီးမင်းသမီး သင်ဇာဝင့်ကျော်တို့ ပါဝင်တဲ့ Comedy Horror အမျိုးအစား မြန်မာရုပ်ရှင်ကား-သန်းခေါင်ယံကို ဒီဇင်ဘာလ ၅ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
ဒီကားကိုတော့ Watermarks Studios ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက် တာဖြစ်ပြီး ကိုဆန်းရဲ့ ဇာတ်လမ်းဇာတ်ညွှန်းကို လူငယ်ဒါရိုက်တာ အောင်မြတ်က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။
ဒီရုပ်ရှင်ကားထဲမှာတော့ ညရုပ်ရှင်ကားနဲ့ ပရိသတ်တွေ သိကြတဲ့ လူငယ်သရုပ်ဆောင် အောင်ရဲထိုက်၊ သင်ဇာဝင့်ကျော်တို့နဲ့အတူ အဆိုတော် ကြက်ဖ၊ စိုင်းဝဏ္ဏအောင်၊ အလှမယ် နန်းခင်ဇေယျာနဲ့ ဝါရင့်သရုပ်ဆောင် မင်းသမီး စိုးမြတ်သူဇာတို့က ခေါင်း ဆောင်ပါဝင်ထားကြတာ ဖြစ်ပါတယ်။
ထိတ်လန့်ကြောက်ရွံ့စရာ ဇာတ်ဝင်ခန်းတွေရော၊ ဟာသဒရာမာဇာတ်လမ်းဇာတ် ကွက်တွေကိုပါ တပြိုင်တည်း ခံစားကြရမယ့် ဒီရုပ်ရှင်ကားထဲမှာတော့ သန်းခေါင်ယံလို့ အမည်ပေးထားတဲ့အတိုင်း ဘယ်လိုထူးထူးခြားခြား ဖန်တီးပုံဖော်ထားမလဲဆိုတာကိုတော့ မကြာခင်မှာပဲ စောင့်မျှော်ကြည့်ရှုကြရတော့မှာ ဖြစ်ပါတယ်။
ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၃ ရက်နေ့က ရန်ကုန် မြို့၊ Junction City ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
အချစ်ဒရာမာ ရုပ်ရှင်ကားတကားဖြစ်တဲ့ အနမ်းဝိုင်ရုပ်ရှင်နဲ့ ပရိသတ်လက်ခံအား မှုရရှိခဲ့တဲ့ ဒါရိုက်တာအောင်မြတ်ရဲ့ ခုတခါ Comedy Horror ပုံစံ ဖန်တီးတင်ဆက်မှု ကရော ဘယ်လိုဖြစ်လာမလဲဆိုတာကိုလည်း ပရိသတ်တွေက စိတ်ဝင်စားနေကြတာပါ။
လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ကို ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှု ကွန်ရက်စာမျက်နှာပေါ်မှာ ဝင်ရောက်ကြည့်ရှုသူ ၂ သိန်းကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။