Home
မြန်မာသတင်း
မြစ်သာမြစ်အတွင်း အမျိုးသမီး ၁ ဦး၏ ဖြတ်တောက်ခံထားရသည့် ခန္ဓာအစိတ်အပိုင်းများ ထပ်တွေ့
Aung Ko Latt
·
December 2, 2019
78623871_1179948072210186_3534274737578442752_n
77346893_1179947988876861_1444141349795266560_n
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ဘော်ပြင်းကျေးရွာနားက မြစ်သာမြစ်ထဲမှာ နိုဝင်ဘာ ၂၉ ရက်က ပီနံအိတ်ထဲ ထည့်ထားတဲ့ လက်တစုံကိုတွေ့ပြီးနောက် ၂ ရက်ဆက်တိုက် နောက်ထပ်ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ထပ်မံရှာဖွေ့တွေ့ရှိခဲ့ပါတယ်။ နိုဝင်ဘာ ၃၀ ရက်က မြစ်သာမြစ်ဖြတ်သန်းစီးဆင်းရာ လက်ပံကျေးရွာအနောက်ဘက်မှာ ဦးခေါင်းကိုတွေ့ရှိခဲ့တဲ့အပြင် ဒီဇင်ဘာ ၁ ရက် နေ့လည်ပိုင်းမှာလည်း ကျွဲနန်းရွာအောက်ဘက် မြစ်အတွင်းမှာပဲပီနံအိတ်နဲ့ထည့်ထားတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ထပ်တွေ့ခဲ့တာလို့ လက်ပံကျေးရွာရပ်မိရပ်ဖ  ဦးစိုးပိုင်ဦးက ပြောပါတယ်။  "မနေ့ကတော့ ကျနော်တို့ရွာအောက်ဘက်မှာ မျက်နှာ မပီတော့တဲ့ ညိုမဲစွဲနေတဲ့ ‌ဦးခေါင်းပြတ် တွေ့တယ်။ ဆံပင်လည်း နည်းနည်းပါသေးတယ်။ မြင်းဇာက ပျောက်နေတဲ့ အမျိုးသမီးဟုတ်တယ်လို့ တော့ မောင်ဖြစ်သူက အတည်ပြုတယ်။ တခါ ဒီနေ့တော့ ထပ်ပြီး ကျွဲနန်းရွာအောက်နားမှာ ပုပ်စော်နံ တယ်ဆိုတော့ သွားကြည့်ကြတာကနေ ပီနံအိတ်ထဲ ကျောက်ခဲတွေထည့်ပြီး ရေထဲမြုပ်ထားတဲ့ ခန္ဓာကိုယ်လုံးကြီးကို တွေ့တယ်။ ကိုယ်အင်္ဂါတော့ စုံသွားပြီပေါ့။ ပြီးတော့ ကျွဲနန်းနဲ့ မြင်းဇာရွာကြား ရထားလမ်းဘေးတနေရာမှာလည်း CZi အမျိုးအစား ဆိုင်ကယ် တစီး မီးရှို့ထားတာ တွေ့ရတယ်။"လို့ ပြောပါတယ်။  အမျိုးသမီးရဲ့ ခြေထောက်နှစ်ချောင်းကတော့ လက်နဲ့အတူ ပီနံအိတ်အတွင်း ထည့်မျှောတာဖြစ်နိုင်ပြီး ပီနံအိတ်ကနေ ထွက်ကျတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ အရင်က ဂန့်ဂေါနယ်မှာအခုလိုမျိုးဖြစ်လေ့ဖြစ်ထမရှိဘူးလို့လည်း ဒေသခံတွေဆီက သိရပါတယ်။ မိသားစုဝင်တွေကတော့ အခုတွေ့ရတဲ့ အ‌လောင်းဟာ ပျောက်ဆုံးနေသူ မြင်းဇာကျေးရွာက အသက် ၄၉ နှစ်ရှိ ဒေါ်ခင်ညိုရီရဲ့ရုပ်အလောင်းဖြစ်တယ်လို့ ယူဆထားပြီး ထပ်မံအတည်ပြုနိုင်ဖို့တော့ ဂန့်ဂေါပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားပါတယ်။  ဘာကြောင့် ဒီလိုသွေးအေးအေးနဲ့ စနစ်တကျရက်ရက်စက်စက် သတ်တယ်။ ဘယ်သူက သတ်တယ် ဆိုတာတော့  မြို့နယ်ရဲမှူး ကိုယ်တိုင်ဦးစီးကြီးကြပ်ပြီး ရဲတပ်ဖွဲ့က အပူတပြင်း စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။ အခုဖြစ်စဉ်နဲ့ပတ်သက်လို့ ကန်ရဲတပ်ဖွဲ့စခန်းက (ပ) ၃၁/၂၀၁၉၊ရာဇသတ်ကြီးပုဒ်မ ၃၀၂/၂၀၁ နဲ့ အမှု ဖွင့်ပြီ တရားခံဖော်ထုတ်ဖမ်းဆီးဖို့ ဆောင်ရွက်နေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024