ချင်းပြည်နယ် ဖလမ်းမြို့အနီး ငလျင်လှုပ်
DVB
·
December 2, 2019
ချင်းပြည်နယ်၊ ဖလမ်းမြို့အနီးမှာ ဒီမနက် ၈ နာရီလောက်က အင်အား ရစ်ခ်တာစကေး ၄ ဒသမ ၆ အဆင့်ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့တယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၂ ရက်နေ့၊ မြန်မာစံတော်ချိန် ၇ နာရီ ၄၂ မိနစ် ၄၅ စက္ကန့်လောက်က ဟားခါးမြေငလျင်စခန်းမှ မြောက်-အရှေ့မြောက်ဘက် ၃၃ မိုင်လောက်ကွာဝေးတဲ့ ဖလမ်းမြို့ရဲ့ မြောက်-အနောက်မြောက်ဘက် ၁၄ မိုင်လောက်အကွာ အနက် ၂၆ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားအနည်းငယ်ရှိ မြေငလျင်တခု လှုပ်ရှားသွားခဲ့တာပါ။