သံဃာအပါး ၅၀၀၀ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ဘားအံတွင် ကျင်းပ (ဓာတ်ပုံ)
DVB
·
December 1, 2019
ကရင်ပြည်နယ်အစိုးရက ပထမဆုံးအကြိမ် ကြီးမှူးကျင်းပတဲ့ သံဃာအပါး ၅၀၀၀ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကို ဘားအံမြို့၊ လေယာဉ်ကွင်းမှာ နိုဝင်ဘာ ၃၀ ရက် မနက်က ကျင်းပခဲ့ပါတယ်။
ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကယားပြည်နယ်နဲ့ တနင်္သာရီတိုင်းတိုးက ဝန်ကြီးချုပ်တွေ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် မိသားစုဝင်တွေ၊ အစိုးရအဖွဲ့ဝင်တွေ၊ ဌာနဆိုင်ရာတွေ၊ တိုင်းရင်းသားလက်နက်ကိုင် မိသားစုဝင်တွေ၊ လှုမှုရေးအသင်းအဖွဲ့တွေနဲ့ ဒေသခံပြည်သူတွေ ပါဝင်ပြီး လောင်းလှူခဲ့ကြပါတယ်။
ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို မြန်မာတနိုင်ငံလုံး အတိုင်းအတာနဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတချို့မှာ ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်သလို မန္တလေးမြို့မှာ သံဃာ ၃ သောင်း ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ဒီဇင်ဘာ ၇ ရက်နေ့ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ပဲခူးမြို့မှာလည်း သံဃာ ၅၀၀၀ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဆက်လက်ကျင်းပသွားမယ်လို့ သိရပါတယ်။
ရဲမင်းခေါင်