မိုင်းပြင်းမြို့ အနောက်မြောက်ဘက်တွင် အင်အား ၄ ဒသမ ၁ အဆင့်ရှိ မြေငလျင်လှုပ်
DVB
·
December 1, 2019
ရှမ်းပြည်နယ် မိုင်းပြင်းမြို့ရဲ့ အနောက်မြောက်ဘက်မှာ ဒီနေ့မနက်အစောပိုင်းက အင်အား ၄ ဒသမ ၁ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားပါတယ်။
ဒီဇင်ဘာ ၁ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၀) နာရီ၊ (၄၂)မိနစ်၊ (၀၅) စက္ကန့် အချိန်က မိုင်းပြင်းမြို့ရဲ့ အနောက်မြောက်ဘက် ၂၇ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၁.၆၅ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၈.၇၁ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၄ ဒသမ ၁ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။