A d v e r t i s e m e n t With Us

လည်ချောင်းထဲရောက် မျှော့ကြောင့် နှစ်လတိတိ မရပ်မနား ချောင်းဆိုးခဲ့ရသူ (ရုပ်သံ)

နှစ်လဆက်တိုက် အဆက်မပြတ် ချောင်းဆိုးနေတဲ့ အမျိုးသားတဦးကို စစ်ဆေးကြည့်တဲ့အခါမှာ သူ့လည်ချောင်းထဲမှာ မျှော့တွေရှိနေတာကို တွေ့ခဲ့ရတယ်လို့ OC သတင်းမှာ ဖော်ပြပါတယ်။  ဒီလို ထူးထူးဆန်းဆန်း ဖြစ်ရပ်ဟာ တရုတ်နိုင်ငံမှာ ဖြစ်ပွားခဲ့တာပါ။ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက လောင်ယန်မြို့ ဝူပင်ကောင်တီဆေးရုံကို အမျိုးသားတဦး ရောက်ရှိလာခဲ့ပြီး သူဟာ ပြီးခဲ့တဲ့ နှစ်လလုံးလုံး မရပ်မနား ချောင်းဆိုးခဲ့တယ်လို့ ပြောပါတယ်။ ဒါကြောင့် ဆရာဝန်တွေက သူ့ကို CT ဓာတ်မှန်ရိုက် စစ်ဆေးခဲ့ပေမယ့် ထူးထူးခြားခြား တွေ့ခဲ့တာမျိုး မရှိပါဘူး။ ဒါကြောင့် ဆရာဝန်တွေက လူနာရဲ့ လေပြွန်ကနေ အသေးစားကင်မရာနဲ့ ကြည့်ရှုစစ်ဆေးတဲ့ bronchoscopy နည်းနဲ့ စစ်ဆေးလိုက်တဲ့အခါကျမှ ဒီအမျိုးသားရဲ့ လည်ချောင်းထဲမှာ မျှော့ရှိနေတာကို တွေ့ခဲ့ရတာ ဖြစ်ပါတယ်။  လည်ချောင်းထဲမှာ မျှော့နှစ်ကောင်တောင် ရှိနေတာဖြစ်ပြီး တကောင်နဲ့ တကောင်ဟာ သုံးစင်တီမီတာလောက်အကွာမှာ ရှိနေတယ်လို့ သတင်းမှာ ရေးသားထားပါတယ်။ လူနာကတော့ ဒီမျှော့တွေ သူ့လည်ချောင်းထဲ ဘယ်လို ရောက်နေတာလဲဆိုတာ အခုချိန်အထိ စဉ်းစားလို့မရပေမယ့် စမ်းချောင်းထဲကရေကို သောက်မိရာကနေတဆင့် မျှော့တွေဟာ မတော်တဆ ခန္ဓာကိုယ်ထဲ ရောက်ရှိလာတာ ဖြစ်မယ်လို့ ဆရာဝန်တွေက ယုံကြည်နေပါတယ်။ “သူ သောက်တဲ့ရေကနေတဆင့် မျှော့တွေ ပါလာပုံရပါတယ်။ မျှော့တွေက သေးလွန်းတော့ သာမန်မျက်စိနဲ့ မမြင်နိုင်ခဲ့ပါဘူး။ ပြီးခဲ့တဲ့နှစ်လအတွင်း ဒီမျှော့တွေဟာ သူ့သွေးကို စုပ်ယူပြီး ကြီးထွားလာခဲ့တာ ဖြစ်ပါတယ်” လို့ ဒီအမျိုးသားကို ကုသပေးခဲ့တဲ့ ဆရာဝန်က ပြောပါတယ်။  ဆရာဝန်တွေက  ဇာဂနာကို အသုံးပြုပြီး မျှော့တွေကို ဆွဲထုတ်ခဲ့ကာ ဒီလို ဖယ်ရှားတဲ့ လုပ်ငန်းစဉ်တခုလုံးကိုလည်း မှတ်တမ်းဗွီဒီယို ရိုက်ကူးခဲ့ပါတယ်။ လက်ရှိအချိန်မှာ ဒီဗွီဒီယိုဖိုင်ဟာ တရုတ်လူမှုကွန်ရက် အသုံးပြုသူတွေကြားမှာ  ပျံ့နှံ့နေပြီး လူနာဟာလည်း အခုချိန်မှာ ပြန်လည်ကျန်းမာလာနေပြီလို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up