Home
မြန်မာသတင်း
အပူချိန်မြင့်တက်မှုကြောင့် အချိန်အခါမဟုတ်မိုးရွာသွန်း
ရွှေအောင်
·
January 30, 2013
အခုရက်ပိုင်း ရန်ကုန်နဲ့ နေပြည်တော်အပါအ၀င် ဒေသတချို့မှာ မိုးရွာသွန်းနေတာဟာ ဘင်္ဂလားပင်လယ်အော်ရဲ့ ပင်လယ်ရေမျက်နှာပြင် အပူချိန်မြင့်တက်လာတာကြောင့်လို့ မိုးလေ၀သဌာနက ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ကျော်က ပြောပါတယ်။ “ဘင်္ဂလားပင်လယ်အော်ရဲ့ ပင်လယ်ရေမျက်နှာပြင်အပူချိန်ဟာ ဇန်န၀ါရီ ၂၃ ရက်နောက်ပိုင်းကစပြီး နည်းနည်း မြင့်တက်လာတယ်။ အဲလိုမြင့်တက်လာတော့ ဘင်္ဂလားပင်လယ်အော်မှာ အပူချိန်မြင့်တက်နှုန်းများလာတယ်။ အဲတော့ တိမ်ဖြစ်ထွန်းပြီး အဲဒီ တိမ်တွေဟာ မြန်မာနိုင်ငံကို မြစ်ဝကျွန်းပေါ် မွန်၊ တနသာင်္ရီကမ်းရိုးတန်းကနေ ဖြတ်ကျော်ပြီးတော့ မြန်မာနိုင်ငံအရှေ့မြောက်ဘက် ရှမ်းပြည်ကို သွားတယ်။ သွားတဲ့လမ်းတလျှောက်မှာ မိုးရွာသွားတယ်။” ဇန်န၀ါရီလ ၃၁ ရက်နေ့အထိ မိုးဆက်လက်ရွာနိုင်သေးတယ်လို့ ဆိုပါတယ်။ လာမယ့် ဖေဖော်ဝါရီလအတွင်း ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်း ၁ ကြိမ်ဖြစ်ပေါ်နိုင်ပြီး၊ အချိန်အခါမဟုတ်မိုး ၆ ရက်ကနေ ၈ ရက်လောက်ထိ ရွာသွန်းနိုင်သေးတယ်လို့ မိုးလေ၀သဌာနက ထုတ်ပြန်ကြေညာထားပါတယ်။ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ  ၆ ရက်မှ ၈ ရက်ခန့်၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ ၃ ညရက်မှ ၅ ရက်ခန့် နေရာကွက်ကျား မိုးအနည်းငယ်ရွာ နိုင်သေးတယ်လို့ ဖေဖော်ဝါရီလအတွက် ထုတ်ပြန်ထားတဲ့ လပတ်မိုးလေ၀သခန့်မှန်းချက်မှာ ဖော်ပြထားပါတယ်။ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ  ၁၆ ရက်မှ ၁၈ ရက်ခန့်နဲ့ ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာ ၁၃ ရက်မှ ၁၅ ရက်ခန့် နံနက်ပိုင်းတွေ မြူထူတွေ ဆိုင်းနိုင်တယ်လို့လည်း ခန့်မှန်း ဖော်ပြထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024