Home
မြန်မာသတင်း
၂၀၂၀ ပြည့်နှစ်အတွင်း ထား၀ယ်ဆေးရုံသစ် ဆောက်လုပ်ပြီးစီးမည်
DVB
·
November 29, 2019
တနင်္သာရီတိုင်း ထားဝယ်မြို့မှာ ပြည်ထောင်စုရန်ပုံငွေနဲ့ဆောက်လုပ်နေတဲ့ ထား၀ယ်ပြည်သူ့ ဆေးရုံဟာ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာအတွင်းပြီးစီးမယ်လို့ အဆောက်အအုံအထူးအဖွဲ့၁၆မှ ဦးစီးအရာရှိ (မြို့ပြ) ကြီးကြပ်အင်ဂျင်နီယာဦးမြင့်ဦးက ပြောပါတယ်။ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနက အခုဘဏ္ဍာနှစ်အတွက် ရန်ပုံငွေကျပ် ၁၀၅၉ သန်း လျာပေးထားပြီး လုပ်ငန်းစဖို့ ဒီဇင်ဘာလဆန်းမှာတင်ဒါခေါ်ထားဖြစ်ပါတယ်။ အဲဒီဆေးရုံကို ၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ်က စတင်တည်ဆောက်နေပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အထိကျပ်သန်း ၃၄၀၀သုံးစွဲထားကာ အခုအခါမှာ ဆေးရုံတည်ဆောက်ရေး စီမံကိန်းတခုလုံးရဲ့ ၇၆ ရာခိုင်နှုန်း ပြီးစီးနေပြီလို့ သိရပါတယ်။ ယခင်ထား၀ယ်ဆေးရုံကြီးမှာ ကုတင် ၂၀၀ ဆံ့ဆေးရုံဖြစ်ပြီး အခုတည်ဆောက်နေတဲ့ ဆေးရုံအဆောက်အအုံမှာ ငါးထပ်အဆောက်အုံဖြစ်ကာ ၂၆၆ ကုတင်ဆံမယ်လို့ သိရပါတယ်။ ထား၀ယ်ဆေးရုံကြီးမှာ ထား၀ယ်ဒေသရှိ မြို့နယ် ၄ မြို့နယ်မှ ဒေသခံတွေ အားထားနေရတဲ့ ဆေးရုံကြီးဖြစ်ပြီး လက်ရှိအချိန်မှာ ဆေးရုံတက်ရောက်ပြီးဆေးကုသတဲ့ လူနာအရေအတွက် များပြားလာတာကြောင့် ကုတင်တွေတိုးပြီး  ၃၄၅ ကုတင်အသုံးပြုနေရပါတယ်။ ဆေးရုံသစ်မှာ အောက်ဆုံးထပ်မှာရုံးခန်း၊ အထောက်အကူပြုဌာန၊ ဆေးမှတ်တမ်း၊ ဆေးဝါး ဌာနစတာတွေ ထားမှာဖြစ်ပြီး ပထမထပ်နဲ့ ဒုတိယထပ်မှာ သားဖွားမီးယပ်လူနာတွေ တတိယထပ်နဲ့ စတုတ္ထထပ်မှာ ကလေးလူနာတွေ ထားမယ်လို့ ထား၀ယ်ဆေးရုံအုပ်ကြီးဒေါက်တာမျိုးမင်းက ပြောပါတယ်။ ငါးထပ်ဆေးရုံသစ်ကို မြေဧရိယာ ၉၀၀၀၀ စတုရန်းပေမှာ ဆောက်လုပ်ရေး၀န်ကြီးဌာနက ၂၀၁၆ ဒီဇင်ဘာမှာတည်ဆောက်ခဲ့ပြီး ငလျင်ဒဏ်ခံနိုင်အောင်တည်ဆောက်ထားတယ်ပါ တယ်။ သတင်း - တင့်လွင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024