Home
မြန်မာသတင်း
“ချစ်သူစိတ်ကူး”(သို့)မြူးကြွတဲ့ သံစဉ်ကြားမှ လင်းလက်ကြယ်စင်-အေးမြဖြူ(ရုပ်သံ)
DVB
·
November 29, 2019
       မနေ့ညက ကျင်းပခဲ့တဲ့ မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲမှာတော့ ပြိုင်ပွဲဝင် Top Finalists ၇ ယောက်က ကွယ်လွန်သွားပြီဖြစ်တဲ့ တချိန်က နာမည်ကြီး တေးသံရှင် စိုး လွင်လွင်ရဲ့ သီချင်းတွေနဲ့အတူ အစွမ်းကုန် ယှဉ်ပြိုင်ခဲ့ကြတာပါ။        ခုတပတ်မှာတော့ မြန်မာအိုင်ဒေါရဲ့ အသက်အငယ်ဆုံး ပြိုင်ပွဲဝင် အေးမြဖြူက စိုး လွင်လွင် ကိုယ်တိုင်ရေး ကိုယ်တိုင်သီဆိုခဲ့တဲ့ “ချစ်သူစိတ်ကူး”သီချင်းနဲ့ အစွမ်းပြယှဉ်ပြိုင် သွားခဲ့တာ ဖြစ်ပါတယ်။        “ပျော်ရွှင်ကြည်နူးရသလို… တခါတရံ ရင်မှာကြိတ်ပြီးတော့လည်း… မျက်ရည်ဝဲ လမ်းသွယ်ထဲ...နားလည်ဆုံး… ချစ်သူလေး… ရှိနေရင်လေ အဆင်ပြေမယ်... ရင်မဆိုင် ချင်တဲ့ မျက်နှာ… တခါတလေ တမင်လာ ကြုံကြိုက်တဲ့အခါ… မျက်နှာလွှဲ လမ်းသွယ်ထဲ ... စိတ်အချဆုံး… ချစ်သူလေး… ရှိနေရင်လေ အဆင်ပြေမယ်”        အသက် ၉ နှစ်အရွယ်လောက်ကတည်းက Starlet’s Sky – ကြယ်ကလေးတွေရဲ့ ဂီတမိုးကောင်းကင်သီချင်းဆိုပြိုင်ပွဲမှတဆင့် Myanmar Idol ရဲ့ စင်မြင့်ဆီကို တက်လှမ်း လာခဲ့တဲ့ အေးမြဖြူဟာ လက်ရှိမှာတော့ အသက် ၁၆ နှစ်အရွယ်ရှိနေပြီဖြစ်ကာ အသက် အငယ်ဆုံးပြိုင်ပွဲဝင် ဖြစ်လာခဲ့ပါတယ်။ အေးမြဖြူဟာ Myanmar Idol ရဲ့ Audition အဆင့်မှာလည်း နီနီခင်ဇော်ရဲ့ သီချင်းတပုဒ်ဖြစ်တဲ့ ‘ရက်စက်သွားသူ’သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့တာပါ။ Top Finalists ၁၁ ယောက် အပြိုင်ကြဲယှဉ်ပြိုင်ကြရတဲ့ ပထမသီတင်းပတ်မှာ တော့ ပြိုင်ပွဲဝင်တွေဟာ သူတို့ကြိုက်နှစ်သက်ရာသီချင်းတွေနဲ့ အစွမ်းကုန်ယှဉ်ပြိုင်ခဲ့ကြ တာဖြစ်ပြီး အေးမြဖြူက နီနီခင်ဇော်ရဲ့ ‘လွမ်းခွင့်လေး’သီချင်းနဲ့ အစွမ်းပြယှဉ်ပြိုင်ခဲ့တာ ပါ။ ရော့ခ်သီချင်းတွေနဲ့ သီဆိုယှဉ်ပြိုင်ရတဲ့ နောက်တပတ်မှာတော့ သူက သရုပ် ဆောင်အဆိုတော် မင်းသားကြီး ကျော်ဟိန်း သီဆိုအောင်မြင်ခဲ့တဲ့ ‘မြင်သောငိုသော မျက် လုံးများသီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ပြီး ပြီးခဲ့တဲ့ တက္ကသိုလ်သီချင်းတွေနဲ့ သီတင်းပတ်မှာတော့ ဝါရင့်တေးသံရှင် သရုပ်ဆောင်မင်းသမီးကြီး ချိုပြုံးရဲ့ ‘တက္ကသိုလ်ကျောင်းက ငွေလမင်း’ သီချင်းနဲ့ မြန်မာသံကို ပိုင်ပိုင်နိုင်နိုင်သီဆို အစွမ်းပြခဲ့တာ ဖြစ်ပါတယ်။ ကန်းထရီးသီချင်းတွေနဲ့ ညမှာတော့ အေးမြဖြူက တချိန်က နာမည်ကြီး အမျိုး သမီး တေးသံရှင်တဦးဖြစ်တဲ့ တင့်တင့်ထွန်းရဲ့ တောက်ပခဲ့တဲ့ နေ့ရက်များ’အမည်ရတဲ့ သီချင်းတပုဒ်နဲ့ အစွမ်းပြယှဉ်ပြိုင်ခဲ့ပြီး အဆင့်ဆင့် တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။        “ဝမ်းနည်းတဲ့အခါလည်း… မင်းကိုအမြဲ သတိရတယ်... ဝမ်းသာတဲ့အခါတိုင်း… မင်းကိုလေမေ့မရဘူး... ဝမ်းသာတဲ့အခါလည်း... မင်းကိုအမြဲ သတိရတယ်… ဝမ်းနည်းတဲ့ အခါတိုင်း… မင်းကိုလေ မေ့မရဘူး... အချစ်စစ်သဘောရယ်… ပေးဝေမျှခြင်းပဲ” ခုသီတင်းပတ်ရဲ့ စိုးလွင်လွင်သီချင်းတွေနဲ့ ညမှာလည်း အေးမြဖြူက မြူးကြွတဲ့ မယ်လိုဒီစည်းချက်တွေကြားမှာ အစွမ်းပြခဲ့ပြီး ပရိသတ်တွေကိုရော ဒိုင်တွေကိုပါ ဖမ်းစား ထားနိုင်ခဲ့ပါတယ်။ သီချင်းအဆုံးမှာတော့ ဒိုင်တွေက မှတ်ချက်ပေးခဲ့ချိန်မှာ ဒိုင်တွေထဲက တဉီးဖြစ်တဲ့ အောင်ကိုလတ်က “ကြွေလွင့်သွားတဲ့ စိုးလွင်လွင်ကတော့ ကောင်းကင်ဘုံကနေ သမီးကို ချီးကျူးနေမှာပါ”လို့ မှတ်ချက်ပေးခဲ့ပြီး တင်ဇာမော်ကတော့ “ဒီည သမီးက ယှဉ်ပြိုင်နေ တာနဲ့မတူဘူး။ ဖျော်ဖြေနေတာနဲ့လုံးလုံးလျားလျားတူတယ်။ အဲဒီအပြင် သမီးက ကိုယ့်စ တိုင်နဲ့ ကိုယ်ဆိုသွားတာ တိတိပပဖြစ်တယ်”လို့ ချီးကျူးမှတ်ချက်တွေ ပေးခဲ့ကြတာပါ။ ပရိသတ်တွေရဲ့ မဲပေးရွေးချယ်မှုနဲ့ အဆုံးအဖြတ်ပေးမယ့် အခုညရဲ့ Result Show မှာတော့ ပြိုင်ပွဲဝင် Top finalists ၇ ယောက်ထဲက ဘယ်ပြိုင်ပွဲဝင်တွေက နောက်တဆင့် ဆက်လက်ပြီးတော့ တက်လှမ်းသွားနိုင်မလဲ၊ သူတို့ထဲက ဘယ်သူက ပြိုင်ပွဲကနေ လက်ပြ နှုတ်ဆက်သွားရမလဲဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024