DVB

Eng
TV News
  • သတင်း
    • ဓာတ်ပုံ
    • နိုင်ငံရေး
    • ရွေးကောက်ပွဲ
      • ၂၀၁၅ ရွေးကောက်ပွဲ
    • စီးပွားရေး
    • နည်းပညာ
    • ကျန်းမာရေး
    • ပညာရေး
    • လူမှုရေး
    • ဘာသာရေး
    • စစ်ရေး
    • အနုပညာ
    • မှုခင်း
    • အားကစား
    • သဘာဝပတ်ဝန်းကျင်/ရာသီဥတု
    • သတင်းမီဒီယာ
    • လယ်သမား
    • အလုပ်သမား
    • နိုင်ငံတကာ
    • တိုင်းရင်းသားရေးရာ
  • ဆောင်းပါး
    • သုံးသပ်ချက်
    • အာရွ​ေဒသ
  • အယ်ဒီတာအာဘော်
  • မေးမြန်းခန်း
  • ရင်ဖွင့်စာ
  • ငြိမ်းချမ်းရေး
  • ရွေးကောက်ပွဲ
DVB

Lead Story သတင်း

“စိုးစိတ်တိုးတိတ်လွမ်းချိန်”(သို့)အလွမ်းသီချင်းသည် -အက်စတာဒေါ့သ်ချင်းဆုန်(ရုပ်သံ)

  • By DVB
  • 29 November 2019
  • Print
  • Email
    • Tweet

Email This Story :

  • Send Story

“အို မင်းကလေးကို စိုးစိတ်တိုးတိတ် လွမ်းချိန်မှာ… ကိုယ် မြတ်နိုးတဲ့ သီချင်းလေး များစွာ တိုင်တည်နေမှာပါ… ဒါကို သိစိတ်အတွင်းက မရည်ရွယ်လည်း… မသိစိတ်ထဲက ရည်ရွယ်ထား”

ဒါကတော့ တေးရေးညီညီသွင်ရေးစပ်ပေးထားပြီး ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ နာမည်ကြီး တေးသံရှင် စိုးလွင်လွင်ရဲ့ “စိုးစိတ်တိုးတိတ်လွမ်းချိန်”အမည်ရတဲ့ သီချင်းထဲက စာသားတွေဖြစ်ပြီး ဒီတခါမှာတော့ မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲရဲ့ စင်မြင့်ထက်မှာ တကျော့ပြန်နားဆင်ခဲ့ကြရတာပါ။

ဒီသီချင်းနဲ့ အလွမ်းသီချင်းသည်လေးတဦးလို အစွမ်းပြယှဉ်ပြိုင်ခဲ့သူကတော့ ချင်း တိုင်းရင်းသူ ပြိုင်ပွဲဝင် အက်စတာဒေါ့သ်ချင်းဆုန်ပဲ ဖြစ်ပါတယ်။

ပဉ္စမမြောက်သီတင်းပတ်အနေနဲ့ မနေ့ညက ကျင်းပခဲ့တဲ့ မြန်မာအိုင်ဒေါ သီချင်း ဆိုပြိုင်ပွဲမှာတော့ တချိန်က နာမည်ကြီး တေးသံရှင် စိုးလွင်လွင်ရဲ့ သီချင်းတွေနဲ့အတူ ပြိုင်ပွဲဝင် Top Finalists ၇ ယောက်ဖြစ်ကြတဲ့ ယောကီး၊ ဘင်ဂျမင်ဆုန်း၊ နော်စေးစေးထူး၊ ထက်အဉ္စလီ၊ အက်စတာဒေါ့သ်ချင်းဆုန်၊ မူးလာနဲ့ အေးမြဖြူတို့က အစွမ်းပြ ယှဉ်ပြိုင်ခဲ့ ကြတာပါ။

ချင်းတိုင်းရင်းသူလေး အက်စတာဟာ မြန်မာအိုင်ဒေါရဲ့ Performance Show မှာ တော့ တေးသံရှင် ချောစုခင်ရဲ့ ‘ကိုယ့်အတွက်အိပ်မက်မင်းမက်လား’၊ ဒုတိယ သီတင်း ပတ် Rock Week မှာတော့ တေးသံရှင် ကော်နီရဲ့ ‘ရင်ကိုဖွင့်လိုက်စမ်း’၊ အမှတ်တရ တ က္ကသိုလ်သီချင်းတွေနဲ့ တတိယသီတင်းပတ်မှာတော့ တေးသံရှင်မဒီရဲ့ ‘အချစ်တွေနဲ့ လွမ်း နေတယ်’၊ ကန်းထရီးကျေးလက်သီချင်းတွေနဲ့ စတုတ္ထသီတင်းပတ်မှာတော့ အဆိုတော် သရုပ်ဆောင်မင်းသား စိုးသူရဲ့ ‘ဘရိတ်မပါတဲ့ကား’သီချင်းတွေနဲ့ အစွမ်းပြ ယှဉ်ပြိုင်ခဲ့ ပြီး တဆင့်ပြီးတဆင့် တက်လှမ်းလာ နိုင်ခဲ့တာပါ။

“မင်းကလေးနဲ့ စကား ပြောဖြစ်တဲ့… အချိန်အခါ တွေတိုင်း… အို ထူးဆန်းတဲ့ ရင်ခုန်သံတွေ ခံစား… နေရတဲ့ ခဏကို နှစ် ခြိုက်မိပါတယ်… တို့ ဘဝကို လွှမ်းမိုးလွန်း သူရေ… မင်းကလေးနဲ့တို့နဲ့ကြားက ခင်မင်မှုစည်း… အို တိုးရှေ့သို့ ကိုယ်ဝင်လာချင် ပေမယ့်… မပျော်ရဲတဲ့ ဘဝမှာ အားနည်း ချက်တွေနဲ့… မပြောရဲပါ နှုတ်ဆိတ်လို့ ငြိမ် သက်”

ခုသီတင်းပတ်ရဲ့ စိုးလွင်လွင်သီချင်းတွေနဲ့ ညမှာလည်း အက်စတာက သူ့ရဲ့ ကိုယ် ပိုင်သီဆိုဟန်၊ စတိုင်အပြည့်နဲ့ ပရိသတ်တွေကိုရော ဒိုင်တွေကိုပါ ဖမ်းစားထားနိုင်ခဲ့ပါ တယ်။

သီဆိုယှဉ်ပြိုင်မှုသီချင်းအဆုံးမှာတော့ ဒိုင်တွေက မှတ်ချက်ပေးခဲ့ချိန်မှာတော့ ဒိုင် တွေထဲက တဉီးဖြစ်တဲ့ ဖြူဖြူကျော်သိန်းက “ညီမလေးဆိုသွားတာ တကယ့်ကို ခံစား သက်ဝင်မှုက နောက်ထပ် ပုံစံအသစ်တခု အရသာတခုနဲ့ Interpretation တခုကို ပေး သွားနိုင်တယ်။ Bravo သမီး”လို့ မှတ်ချက်ပေးသွားခဲ့ပြီး အောင်ကိုလတ်ကတော့ “စိုးလွင် လွင်ရဲ့ သီချင်းကို Variation အနေနဲ့ ပြန်ဆိုတဲ့ အက်စတာကတော့ လုံးဝ ကြောက်စရာ ကြီးပါ”လို့ ချီးကျူးမှတ်ချက်တွေ ပေးခဲ့ကြတာပါ။

ပရိသတ်တွေရဲ့ မဲပေးရွေးချယ်မှုနဲ့ အဆုံးအဖြတ်ပေးမယ့် အခုညရဲ့ Result Show မှာတော့ ပြိုင်ပွဲဝင် Top finalists ၇ ယောက်ထဲက ဘယ်ပြိုင်ပွဲဝင်တွေက နောက်တဆင့် ဆက်လက်ပြီးတော့ တက်လှမ်းသွားနိုင်မလဲ၊ သူတို့ထဲက ဘယ်သူက ပြိုင်ပွဲကနေ လက်ပြ နှုတ်ဆက်သွားရမလဲ ဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။

Tags: “စိုးစိတ်တိုးတိတ်လွမ်းချိန်”(သို့)အလွမ်းသီချင်းသည် -အက်စတာဒေါ့သ်ချင်းဆုန်(ရုပ်သံ)

  • Previous story စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနပြင်ဆင်ဖွဲ့စည်း၊ ဝန်ကြီးများပြောင်းလဲတာဝန်ပေး 
  • Next story သပိတ်ကျင်း မြေငလျင်ကြောင့် လူနေအိမ်တချို့ ပျက်စီး
  • Facebook

    Facebook

    Jobs at DVB

    Ethnic

    သုတကေဖး

    DVB SMS

  • သတင်းဓာတ်ပုံ

    • gallery

      ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ် သိပ္ပံပွဲခင်းကျင်းပနေ

  • DVBSatellite

    DVB LAW LAB

    Movie Crazy

    Talk to DVB

  • Most Popular

    • Viewed
    • Comments
    • Recent
    • 01 ဂျီနိုစိုက်အရေး အဖြေရှာတွေ့ပြီ 
    • 02 ICJ တရားရုံးတွင် ပါမောက္ခ မစ္စ ဖိုဘီအိုကိုဝါ၏ ထွက်ဆိုချက်
    • 03 ဝီဂါကလေးများကို အကြမ်းဖက်တိုက်ခိုက်နည်း သင်တန်းပေး (ရုပ်သံ)
    • 04 ကြားဖြတ်တားဆီးမိန့်ချမှတ်ပေးရန်  ICJ ထံ ဂမ်ဘီယာနိုင်ငံ၏ ပန်ကြားချက် (၅) ချက် 
    • 05 လူမျိုးတုံးသတ်ဖြတ်ခြင်းမရှိဟု ICJ တရားရုံး၌ ဒေါ်အောင်ဆန်းစုကြည် လျှောက်လဲ
    • 01 စပိန် ရာသီဥတုဆိုင်ရာ ချီတက်ဆန္ဒပြပွဲ ဆွီဒင်ဆယ်ကျော်သက် ပူးပေါင်း
    • 02 White Island ကျွန်း မီးတောင်ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၁၅ ဦးရှိပြီ
    • 03 သက်ထားသူဇာ ကွာတားဖိုင်နယ်တွင် အင်ဒိုနီးရှားကစားသမားကို ရှုံးနိမ့်
    • 04 ကတ်စနစ် တပ်ဆင်အသုံးပြုရန် YBS ကုမ္ပဏီ ၄ ခု သဘောတူလက်မှတ်ရေးထိုး
    • 05 နိုင်ငံအတွက် ခရစ်ယာန်ဘာသာဝင်များ အစာရှောင် ဆုတောင်း
    • 01 White Island ကျွန်း မီးတောင်ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၁၅ ဦးရှိပြီ
    • 02 ယူနိုက်တက်အသင်း လူငယ်ကစားသမားများနှင့် ဆုဖလားရရန် လုပ်မည်ဟု တွန်မီနေးပြော
    • 03 မလေးရှားဝန်ကြီးချုပ်ကို ကာတာတက္ကသိုလ်၏ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်
    • 04 ဒါဘီအသင်းနှင့်အတူ အောင်မြင်မှုရယူရန် ရွန်နီ မျှော်လင့်
    • 05 နေပြည်တော်လေဆိပ်သို့ ပြန်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ)
  • DVB
  • Facebook
  • Live
  • Audio
  • Video
  • သတင်း
  • နိုင်ငံရေး
  • စီးပွားရေး
  • လူမှုရေး
  • ကျန်းမာရေး
  • ဘာသာရေး
  • ပညာရေး
  • အလုပ်သမား
  • လယ်သမား
  • အနုပညာ
  • စစ်ရေး
  • မှုခင်း
  • နိုင်ငံတကာ
  • သတင်း
  • အာရှဒေသ
  • အားကစား
  • ဆောင်းပါး
  • ေရဒီယုိ
  • DVB Radio Daily
  • Ethnic Radio
  • မေးမြန်းခန်း
  • လွှတ်တော်ရေးရာ
  • သုံးသပ်ချက်
  • သတင်းတို
  • Privacy Policy
  • Contact

© Copyright 2013 DVB.