သပိတ်ကျင်း မြေငလျင်ကြောင့် လူနေအိမ်တချို့ ပျက်စီး
DVB
·
November 29, 2019
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ရဲ့အရှေ့မြောက်ဘက် ၂၃ မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၅ ဒသမ ၄ အဆင့်ရှိတဲ့ ငလျင်တခု နိုဝင်ဘာ ၂၈ ရက် ည ၉ နာရီ ၉ မိနစ်မှာ လှုပ်ခတ်ခဲ့ကြောင်း မိုးဇလက သတင်းထုတ်ပြန်ပါတယ်။
ဒီငလျင်လှုပ်ခတ်တာကြောင့် သပိတ်ကျင်းမြို့နယ်အတွင်းမှာ ပျက်စီးမှု တချို့ရှိခဲ့သလို သပိတ်ကျင်းမြို့မှာရှိတဲ့ လူနေအိမ်နဲ့ ဘုန်းကြီးကျောင်းတချို့လည်း ထိခိုက်မှုရှိခဲ့တယ်လို့ ဒေသခံတွရဲ့ လူမှုကွန်ရက်တွေမှာဖော်ပြပါတယ်။