ဆုန်သင်းပါရ်မွေးနေ့တကိုယ်တော် ဖျော်ဖြေပွဲ ဒီဇင်ဘာ ၃ ရက်တွင် ကျင်းပမည်(ရုပ်သံ)
DVB
·
November 28, 2019
“တောင်ပေါ်မြို့လေး တမြို့မှာ… မြူမှုန်တွေကဆိုင်းလာ… ဒီအချိန် နင်သွားတော့ မယ်… နေရာဟောင်းကိုထားခဲ့ပြီး… ဒါ အနာဂတ်အတွက်ပါ… နင်ဆိုပြီး သွားခဲ့တော့ လည်းလေ… မတားရက်ဘူး”
ဒါကတော့ ပရိသတ်တွေ ရင်းနှီးကြပြီးဖြစ်တဲ့ အသံပါဝါအားကောင်းကောင်းနဲ့ သီ ချင်းတွေကို သီဆိုတတ်တဲ့ ဆုန်သင်းပါရ်ရဲ့ ‘ချယ်ရီမြို့’သီချင်းထဲက တေးစာသားတွေ ဖြစ် ပါတယ်။
အဲဒီသီချင်းအပါအဝင် ‘ကမ္ဘာကြီးက ကျဉ်းတယ်ဆိုပေမယ့်’၊ ‘သခင်’၊ ‘အကြင်နာစစ်ရင်’စတဲ့ နာမည်ကျော်သီချင်းတွေနဲ့ ပရိသတ်ချစ်ခင်အားပေးမှုရရှိခဲ့တဲ့ သူ့ရဲ့သီချင်းတွေကို တဝကြီး နားဆင်ခံစားနိုင်မယ့် မွေးနေ့တကိုယ်တော် ဖျော်ဖြေပွဲကို ကျင်းပသွားဖို့ ရှိနေပါတယ်။
ဒီပွဲကိုတော့ လာမယ့် ဒီဇင်ဘာလ ၃ ရက်နေ့ ည ၈ နာရီမှာ ရန်ကုန်မြို့ ရန်ကင်းမြို့ နယ်ထဲက The Radio Bar မှာ ကျင်းပသွားမှာဖြစ်ပါတယ်။
ဒီတေးဂီတဖျော်ဖြေပွဲမှာ ပံ့ပိုးတီးခတ်ပေးမှာကတော့ Mercury 9 တေးဂီတအဖွဲ့က ပါဝင်တီးခတ်ပေးသွားမှာ ဖြစ်ပါတယ်။
“ချယ်ရီပင်တွေကြားထဲ… အတူတူ ပျော်ပါးခဲ့ကြဖူးတယ်… ကလေးဘဝရဲ့ ပျော်စရာမြို့လေး ထဲ… နင်မေ့ပြီလား… ချယ်ရီပင် အိုသွားလည်း… နင်သာတကယ်တမ်း ပြောင်းလဲမသွားရင်… လှမ်းခဲ့တော့ အရင်နေရာမြို့လေးထဲ… ဒီမှာ ငါတို့စောင့်နေတယ်”
ချင်းတိုင်းရင်းသူ အဆိုတော်ဆုန်သင်းပါရ်ဟာ "ကိုယ့်အကြောင်းနဲ့ကိုယ်"၊ “ဆက်ရန်”၊ "မင်းကို"၊ “လိုရာဆု”စတဲ့ တစ်ကိုယ်တော်တေးအယ်လ်ဘမ်တွေအပြင် အတွဲသီချင်းခွေပေါင်း များစွာမှာလည်း ပါဝင်သီဆိုခဲ့ပြီး အောင်မြင်မှုရရှိခဲ့သူ ဖြစ်ပါတယ်။
အခုလာမယ့် ဒီဇင်ဘာလ ၁ ရက်နေ့မှာတော့ "ဖြစ်တည်မှုသီချင်းများ" လို့ အမည်ပေးထားတဲ့ တကိုယ်တော်တေးအယ်လ်ဘမ်သစ်တချပ် ထွက်ရှိလာဖို့ရှိနေပြီး အဲဒီအယ်လ်ဘမ်ထဲက သီချင်းတွေရော သီချင်းဟောင်း သီချင်းကောင်းတွေကို ဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။