DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးခရီးရှည် လမ်းလျှောက်သူများ တောင်ငူရောက်
DVB
·
January 29, 2013
ငြိမ်းချမ်းရေးခရီးရှည် လမ်းလျှောက်သူများ တောင်ငူရောက်
Donate to DVB

ရန်ကုန်ကနေ လိုင်ဇာအထိ ငြိမ်းချမ်းရေးခရီးရှည် လမ်းလျှောက်သူများ ဒီနေ့ ဇန်န၀ါရီ ၂၉ ရက်နေ့ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ကို ရောက်ရှိလာရာမှာ မြို့ခံတွေနဲ့  ဒေသခံအာဏာပိုင်တွေကပါ အားပေးကူညီခဲ့ပါတယ်။

ပြည်တွင်းစစ်ရပ်စဲရေးနဲ့ တိုင်းပြည်ငြိမ်းချမ်းရေးအတွက်  ခရီးရှည်လမ်းလျှောက်နေသူတွေဟာ  ဇန်န၀ါရီ ၂၉ ရက် မွန်းလွဲပိုင်း ၂ နာရီလောက်မှာ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ကို ရောက်ရှိလာရာမှာ ဒေသခံရဲနဲ့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေက  ကြိုဆိုတွေ့ဆုံပြီး  ကချင်ဒုက္ခသည်တွေအတွက် ရန်ပုံငွေ ထည့်ဝင်ပြီး အကူအညီပေးခဲ့ကြတယ်လို့ လမ်းလျှောက်ရာမှာ  ဦးဆောင်ပါဝင်သူတဦးဖြစ်တဲ့ ကိုရန်နိုင်ထွန်းက ပြောပါတယ်။

[caption id="attachment_35883" align="alignright" width="150" caption="တောင်ငူမြို့အရောက် - 29.01.2013 - 2:30pm (ဓာတ်ပုံ- ကိုညီညီထွန်း)"][/caption]

“တောင်ငူထဲဝင်လာပြီ။ အတားအဆီးမရှိပါဘူး။ ပဲခူးမြို့နယ်ကို ၀င်လာကတည်းက အလံထောင်တာ၊ စီတန်းလှည့်လည်ပြီးတရားဟောတာ၊ စာရွက်စာတမ်းဝေငှတာ၊ ကြွေးကြော်သံတိုင်တာတွေ ဒါတွေ မလုပ်ရဘူးဆိုပြီး သဘောတူလက်မှတ်ထိုးရတယ်။ ဒီအချက်တွေ လိုက်နာရင် နယ်မြေဖြတ်သန်းစဉ်ကာလမှာ သူတို့ဘက်က အပြည့်အ၀ ကာကွယ်ပေးပါမယ် ပြောတယ်။ ကချင်ပြည်နယ်အတွက် သူ့မှာပါလာတဲ့ ငွေအားလုံး ကျနော်တို့ကို လှူဒါန်းလိုက်တယ်။ လှူဒါန်းငွေက ၂ သောင်းကျော်လောက် ရှိတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးက ၁ သောင်းလှူတယ်။ အဲနေရာမှာပဲ ဥပဒေအကြံပေးအပါအ၀င် ရတဲ့ငွေ ၃ သောင်းကျော်လောက်ရှိမယ်။ သူတို့ဘက်ကနေ ကျနော်တို့ကို ကူညီတဲ့ သဘောပါ။”

အလားတူ တောင်ငူမြို့ခံတွေကလည်း ငြိမ်းချမ်းရေးလမ်းလျှောက်သူတွေကို လမ်းဘေးဝဲယာကနေ အစားအသောက်တွေ ဝေငှပြီး လိုက်လံအားပေးခဲ့ကြတယ်လို့လည်း ပြောပါတယ်။

“တောက်လျှောက် ဆိုင်ကယ်တွေနဲ့ လိုက်ဝန်းရံတယ်။ လိုအပ်တဲ့ အစားအသောက်တွေလည်း ပြင်ဆင်ထားကြတယ်။ တော်တော် ဂရုစိုက်ပါတယ်။ လေးစားစရာကောင်းပါတယ်။ ကျနော်တို့ကို အားပေးတယ်။ ကျနော်တို့ကို ကျန်းမာပါစေ၊ ချမ်းသာပါစေ မေတ္တာပို့ပေးတယ်။”

ငြိမ်းချမ်းရေးခရီးရှည် လမ်းလျှောက်သူတွေဟာ ပြီးခဲ့တဲ့  ဇန်န၀ါရီ ၂၁ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမကနေ စတင်ပြီး စစ်ပွဲတွေဖြစ်ပွားနေတဲ့ ကချင်ပြည်နယ် လိုင်ဇာမြို့အထိ မိုင် ၈၀၀ ကျော် ခရီးကို ခရီးရှည်လမ်းလျှောက်နေကြတာ ဖြစ်ပါတယ်။  လတ်တလော ငြိမ်းချမ်းရေးလမ်းလျှောက်သူပေါင်း၊ သံဃာတော် ၅ ပါး အပါအ၀င်  အမျိုးသမီးနဲ့ အမျိုးသား အင်အား ၅၀ လောက်ရှိနေပြီ ဖြစ်ပါတယ်။

ဒီနေ့ည တောင်ငူမြို့မှာ ညအိပ်ရပ်နားမှာဖြစ်ပြီး နောက်တနေ့မှာ ပဲခူးတိုင်းနဲ့ မန္တလေးတိုင်းနယ်နိမိတ်  ရေတာရှည်မြို့နယ်အထိ ခရီးဆက်ကြမှာ ဖြစ်ပါတယ်။

ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် လမ်းလျှောက်လာသူတွေကို သူတို့ ဖြတ်သန်းခဲ့တဲ့ ရန်ကုန်နဲ့ ပဲခူးတိုင်းဒေသကြီးအတွင်းက မြို့နယ် ၁၀ ခုလောက်ကတော့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေကို ချိုးဖောက်မှုနဲ့ တရားစွဲဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013