DVB Logo
Home
မြန်မာသတင်း
ဦးဥာဏ်ဝင်း စွဲဆိုထားသည့်အမှုများကို တိုင်းဒေသကြီးလွှတ်တော်က ပယ်ချ
DVB
·
January 29, 2013
ဦးဥာဏ်ဝင်း စွဲဆိုထားသည့်အမှုများကို တိုင်းဒေသကြီးလွှတ်တော်က ပယ်ချ
Donate to DVB

ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် အတွင်းရေးမှူး ဦးဥာဏ်ဝင်း တရားစွဲဆိုထားတဲ့ အမှု ၃ မှုကို မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်ကနေ ပယ်ချလိုက်တယ်လို့ ဦးဥာဏ်ဝင်းရဲ့ အကျိုးတော်ဆောင် ဦးကျော်ဟိုးက ပြောပါတယ်။

“ပထမအမှုက ဦးဥာဏ်ဝင်းက မဲလက်မှတ်ဖယောင်းသုတ်မှု တိုင်ကြားတဲ့ကိစ္စ .သူတိုင်ကြားတာထားတာကို ပြစ်မှုဆိုင်ရာ ၁၈၂ နဲ့ သူ့ကိုစွဲထားတဲ့အမှုကို ကျနော်တို့ဘက်က တရားဥပဒေနဲ့မညီဘဲစွဲထားလို့ အမှုကိုချေဖျက်ပေးဖို့ ၁ ခုလျှောက်ထားတယ်။ နောက် ၂ ခုက ဆောင်းပါးရှင် ကိုဦး (ဥပဒေ) ရေးတဲ့ဆောင်းပါးကို မက်စင်ဂျာနဲ့ ပြည်မြန်မာ ဂျာနယ်တွေမှာ ထည့်သွင်းဖော်ပြခဲ့လို့၊ ဒီဆောင်းပါးဟာ တရားရုံးကို မထီမဲ့မြင်ပြုတယ်။ ဒါကြောင့် သူတို့အပေါ် အရေးယူပေးဖို့ တရားရုံးများမထီမဲ့မြင်ပြုမှု အက်ဥပဒေနဲ့ အရေးယူပေးဖို့ ၂ မှု လျှောက်တယ်။ အဲ ၂ မှုကို ပလပ်လိုက်တယ်။ ကျနော်တို့ကို အရှူံးပေးတယ်ပေါ့။”

[caption id="attachment_27104" align="alignright" width="150" caption="ဦးဥာဏ်ဝင်း"][/caption]

အပတ်စဉ်ထုတ် ပြည်မြန်မာဂျာနယ်နဲ့ မက်စင်ဂျာ ဂျာနယ်တို့မှာ ဆောင်းပါးရှင် ကိုဦး (ဥပဒေ) ရဲ့ ဖော်ပြချက်အပေါ် တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုးက အခုလို ရှင်းလင်းပြော ဆိုပါတယ်။

“အဓိက ဆောင်းပါးရှင်ရေးတာက အကြောင်းအရာ ၃ ခု။ ဦးဝင်းတင်နဲ့ ပတ်သက်တယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တယ်၊ ဦးဥာဏ်ဝင်းနဲ့ ပတ်သက်တယ်။ ဦးဥာဏ်ဝင်းနဲ့ ပတ်သက်တဲ့ကိစ္စကတော့ မဲလက်မှတ် ဖယောင်းသုတ်တဲ့ကိစ္စဟာ မဟုတ်ဘဲနဲ့ လုပ်ကြံစွပ်စွဲတယ်ဆိုပြီး ရေးတာပေါ့။ ဦးဥာဏ်ဝင်းက မဟုတ်မမှန်သိရက်နဲ့ လုပ်ကြံစွပ်စွဲရေးတယ်၊ တိုင်ကြားတယ်ပေါ့။ အဲဒါကလည်း ကျနော်တို့ ပြောချင်တာက ဒီအမှုကို နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် တရားရုံးမှာ စစ်ဆေးနေတုန်းဆိုတော့ တရားရုံးက အဓိက ဆုံးဖြတ်တာတွေကို မဆုံးဖြတ်ခင် ကိုဦး (ဥပဒေ) ကနေပြီး အဲဒီဆုံးဖြတ်ချက်ကို မစောင့်ဘဲနဲ့ သူတို့ပဲမှန်တယ်၊ ဦးဥာဏ်ဝင်းကပဲ အမှားယွင်းတွေ လုပ်ခဲ့တယ်ဆိုပြီး ရေးသားတော့ တရားရုံးများကို မထီမဲ့မြင်ပြုတဲ့ ပြစ်မှုကို သက်ရောက်တယ်ဆိုပြီး ကျနော်တို့က တင်ပြတာပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးဥာဏ်ဝင်းရဲ့ စွဲဆိုထားတဲ့ အမှု ၃ မှုကို မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်က ပလပ်လိုက်တဲ့အတွက် တခြားသော အဆင့်မြင့်ရုံးတွေမှာ ဆက်လက်လုပ်ဆောင်သွားမယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုးက ပြောဆိုသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013