DVB Logo
Home
မြန်မာသတင်း
န၀တအစိုးရလက်ထက် ထုတ်ပြန်ခဲ့သည့် ၂/၈၈ ကို ရုပ်သိမ်း
DVB
·
January 29, 2013
Donate to DVB

၁၉၈၈ ခု စက်တင်ဘာ ၁၈ ရက်နေ့ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (န၀တ) က အာဏာသိမ်းအပြီးမှာ ထုတ်ပြန်ခဲ့တဲ့ ၂/၈၈ ကို နိုင်ငံတော်သမ္မတက ရုပ်သိမ်းကြောင်း ကြေညာလိုက်ပါတယ်။

၂/၈၈ အမိန့်ဟာ ည ၈ နာရီကနေ မနက် ၄ နာရီ ညမထွက်ရအဖြစ် သတ်မှတ်ထားပြီး ဆူပူ လှုံ့ဆော်လိုသော ရည်ရွယ်ချက်ဖြင့် ၅ ယောက်နဲ့ ၅ ယောက် အထက် စုဝေးခြင်း၊ လမ်း လျှောက်ခြင်း၊ စီတန်းလှည့်လည်ခြင်း၊ ဟောပြောခြင်း၊ သပိတ်စခန်းဖွင့်ခြင်း၊ လမ်းပိတ်ဆို့ခြင်းနဲ့ လုံခြုံရေးတာဝန် ထမ်းဆောင်သူများကို ဟန့်တားခြင်းများကို တားမြစ်ထားတဲ့ အမိန့်ဖြစ်ပါတယ်။

ယခင် န၀တနဲ့ နအဖ စစ်အစိုးရတွေ လက်ထက်က ဒီအမိန့်ကို အသုံးပြုပြီး နိုင်ငံရေးလှုပ်ရှားသူ အများအပြားကို ထောင်သွင်း အကျဉ်းချခဲ့ပါတယ်။

၂/၈၈ အမိန့် ရုပ်သိမ်းတာနဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးပြုံးချိုက “၂/၈၈လို အမိန့်ဟာဆိုရင် ဒီမိုကရေစီကူးပြောင်းရေးနဲ့  ဒီမိုကရေစီလုပ်ငန်းစဉ်တွေထက် တချိန်က ၈၈ ကာလမှာ အရမ်းကို အဟန့်အတားဖြစ်စေခဲ့တဲ့ အမိန့်ဖြစ်တယ်။ နိုင်ငံဟာ အပြောင်းအလဲကိုသွားနေပြီ။ နိုင်ငံသားတွေအားလုံးပါဝင်နိုင်အောင် ဖန်တီးပေးရမယ်ဆိုရင် လွတ်လပ်စွာနိုင်ငံရေးမှာ ပါဝင်ခွင့်တွေ၊ လွတ်လပ်စွာ ဆန္ဒပြခွင့်တွေနဲ့ ဆန္ဒဖော်ထုတ်ခွင့်တွေ အဲဒါတွေအတွက် အထောက်အကူမပြုနိုင်တဲ့ အမိန့်တွေကို ပြန်သုံးသပ်ပြီး ပယ်ဖျက်သင့်နေပြီ။ တကယ်လည်း စောစောကတည်းက ဒီလိုလိုက်လျောညီထွေမရှိတဲ့ အမိန့်တွေကို ပယ်ဖျက်ဖို့လိုတယ်။ ဒါကြောင့် လက်ရှိအပြောင်းအလဲကို ဦးဆောင်နေတဲ့ အဖွဲ့အစည်းတွေဟာ ရဲရဲတင်းတင်းနဲ့ ပြန်သုံးသပ်ပြီးတော့ အဟန့်အတားဖြစ်စေမယ့် အမိန့်တွေအားလုံးကို ပယ်ဖျက်နိုင်ခြင်းအားဖြင့် နိုင်ငံသားတွေအားလုံးရဲ့ ပါဝင်နိုင်ခွင့်လမ်းစကို ဖန်တီးပေးနိုင်မှာဖြစ်တယ်။”

၂၀၁၁ ခုနှစ် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အရပ်သားအစိုးရ တက်လာပြီးတဲ့ နောက်ပိုင်းမှာ အရင် န၀တအစိုးရက ထုတ်ပြန်ခဲ့တဲ့ ဥပဒေတွေနဲ့ အမိန့်ကြေညာချက်တွေကို ပြန်လည်းရုပ်သိမ်းကြောင်း ထုတ်ပြန်နေတာပါ။ မကြာသေးမီကလည်း အမျိုးသားညီလာခံကို ကာကွယ်သည့် ဥပဒေကိုလည်း ပြန်လည်ရုပ် သိမ်းခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013