ဘုရားသုံးဆူတွင် မွန်ပြည်သစ်ပါတီနှင့် တပ်မတော် တိုက်ပွဲဖြစ်ပွား
DVB
·
November 27, 2019
ဘုရားသုံးဆူဒေသ ဂျပန်ရေတွင်းအနီး ဒီကနေ့ နိုဝင်ဘာ ၂၇ ရက်မနက်က မွန်ပြည်သစ်ပါတီနဲ့ တပ်မတော်အကြား ၂ နာရီနီးပါးကြာ တိုက်ပွဲဖြစ်တယ်လို့ မျက်မြင်ဒေသခံက ပြောပါတယ်။
ထိုင်းဘက်ခြမ်းမှာ မြေပိုင်နက် နယ်မြေအငြင်းပွားမှုနဲ့ပတ်သက်လို့ တပ်မတော်နဲ့ နယ်ခြားစောင့်တပ်ပူးပေါင်းအင်အား ၁၀၀ လောက်လာရောက်စဉ်မှာ မွန်ပြည်သစ်ပါတီဘက်က အင်အား ၂၀ လောက်နဲ့ ထိတွေ့ တိုက်ပွဲဖြစ်တယ်လို့သိရတယ်။
ဒီမနက် ၁၁ နာရီခွဲလောက်မှာ မွန်ပြည်သစ်ပါတီ စခန်းရုံးကို တပ်က သိမ်းပိုက် တပ်စွဲထားတယ်လို့ သိရတယ်။
ပစ်ခတ်မှုမှာ တပ်မတော်စစ်ကြောင်းဘက်က စစ်သား ၂ ဦး၊ အရပ်သား သေဆုံးပြီး ဒုတပ်ရင်းမှူး ဒဏ်ရာရတယ်လို့ သိရတယ်။
တိုက်ပွဲနဲ့ပတ်သက်ပြီး တပ်မတော်ဘက်ကိုရော မွန်ပြည်သစ်ပါတီဘက်ကိုပါ ဆက်သွယ် မေးမြန်းလို့ မရသေးပါဘူး။