သရက်မြို့အနီး ပြင်းအား ၄ ဒသမ ၈ အဆင့်ရှိ မြေငလျင်လှုပ်
DVB
·
November 26, 2019
မကွေးတိုင်းဒေသကြီး သရက်မြို့အနီးမှာ ဒီနေ့ ညနေ ၄ နာရီကျော်က အင်အားရစ်ခ်တာစကေး ၄ ဒသမ ၈ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်ခဲ့တယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၂၆ ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၄ နာရီ၊ ၆ မိနစ်၊ ၁၁ စက္ကန့်အချိန်မှာ နေပြည်တော်မြေငလျင်စခန်းမှ အနောက်တောင်ဘက် ၈၆ မိုင်ခန့် ကွာဝေးတဲ့ သရက်မြို့ရဲ့ အနောက်တောင်ဘက် ၁၆ မိုင်လောက်အကွာ အနက် ၂၂ ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင် တခု လှုပ်ရှားသွားခဲ့ပါတယ်။