Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်ရောက် နေရပ်စွန့်ခွာသူ ၂၂ ဦး ပြန်လည်လက်ခံရေးစခန်းကို ထပ်မံဝင်ရောက်
DVB
·
November 26, 2019
78426075_202603570762044_5850426200878481408_n
78600033_202603734095361_8585631309647314944_n
77379707_202603864095348_1676989905076486144_o
77371008_202603890762012_3865825296338911232_n
77001282_202603684095366_1066554737396023296_n
၂၀၁၇ အကြမ်းဖက်မှုအပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် နေရပ်စွန့်ခွာသွားသူတွေထဲက  ၂၂ ဦး နိုဝင်ဘာ ၂၅ ရက်နေ့မှာ တောင်ပြိုလက်ဝဲနဲ့ ငါးခူရ ပြန်လည်လက်ခံရေးစခန်းကို  ထပ်မံဝင်ရောက်လာတယ်လို့ မောင်တောခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောပါတယ်။ "မနေ့က ပြန်ဝင်လာကြတာတော့ တောင်ပြိုလက်ဝဲက ၄ ဦး၊ ငါးခူရ ပြန်လည်လက်ခံရေး စခန်းက ၁၈ ဦးဝင်လာကြတယ်။ အခုလက်ရှိ အားလုံး စုစုပေါင်း ၄၃၇ ဦးရှိသွားပါပြီ”လို့ ပြောပါတယ်။ ပြန်ဝင်လာကြသူတွေဟာ ကူတူပါလောင် စခန်း (၁)မှာ နေထိုင်ခဲ့ကြပြီး မိမိဆန္ဒအလျှောက်ပြန်ဝင်ဖို့ လျှောက်ထားခဲ့သူတွေဖြစ်ပါတယ်။ သူတို့ကို မြန်မာဘက်မှာ အရင်က နေထိုင်ခဲ့ခြင်းရှိ/မရှိ အကြမ်းဖက်စာရင်းမှာ ပါဝင်ခြင်းရှိ/မရှိ စိစစ်ပြီး UEHRD အစီအစဉ်နဲ့ ပြန်လည်လက်ခံတာလို့  သိရပါတယ်။ တောင်ပြိုလက်ဝဲမှ ပြန်လည်ဝင်ရောက်လာသူတွေကတော့ မောင်တောမြို့နယ်မြောက်ပိုင်း ခမောင်းဆိပ်မြို့ အရှေ့ရပ်ကွက်(၃)မှာ နေထိုင်ခဲ့သူတဦး၊ မောင်တောမြို့နယ် ကညင်တန်းကျေးရွာမှာ နေထိုင်ခဲ့တဲ့သူ တဦးနဲ့ သူ့ရဲ့ သမီးငယ် ၂ ဦး စုစုပေါင်း ၄ ဦးဖြစ်ပါတယ်။  ငါးခူရ စခန်းကနေ ဝင်ရောက်လာသူတွေကတော့ မောင်တောမြို့နယ်မြောက်ပိုင်း သရက်အုပ်ကျေးရွာမှာ နေထိုင်ခဲ့သူ ၅ ဦး၊ မောင်တောမြို့မ အရှေ့မြောက်မှာ နေထိုင်ခဲ့သူ ၈ ဦး၊ ကြိမ်ချောင်းကျေးရွာမှ ၄ ဦး၊ ငါးစားကြူးကျေးရွာမှ ၁ ဦးတို့  ဖြစ်ကြပါတယ်။ လက်ရှိမှာ မိမိဆန္ဒအလျှောက်ပြန်လည် ဝင်ရောက်လာသူ စုစုပေါင်း  ၄၃၇ ဦးရှိနေပြီး နောက်ထပ်ဝင်ရောက်လိုကြောင်း လျှောက်ထားလာသူ ၅၀ ခန့် ရှိသေးကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရက နေရပ်ပြန်ချင်သူတွေကို တရားဝင် ပြန်လည် ပို့ဆောင်ခြင်း မရှိတဲ့အတွက် ယခုလို မိမိဆန္ဒနဲ့ ပြန်လည်ဝင်ရောက်လာကြတာဖြစ်ကြောင်း နေရပ်ပြန်လာသူတွေက ပြောပါတယ်။ ဝင်ရောက်လာသူတွေကို လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာနက Bio Data ကောက်ယူခဲ့ပြီး ဆန္ဒရှိပါက NVCard ထုတ်ပေးခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်း၊ လူကယ်ပြန်ဌာနက ထောက်ပံ့ငွေနဲ့  ပစ္စည်းတွေ ပေးအပ်ခြင်းတို့ ပြုလုပ်ဆောင်ရွက်ပေးခဲ့ပါတယ်။ ကောင်းကောင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024