Home
မြန်မာသတင်း
YBS ယာဉ်မောင်းများ  လက်ပတ်နီကမ်ပိန်း စတင်ပြုလုပ် 
DVB
·
November 26, 2019
78795471_946689289064114_4242509613418676224_n
78673803_946689449064098_5886089363036569600_n
78279699_946689412397435_3444709783100194816_n
77070122_946689532397423_1552672377341476864_n
76940752_946689329064110_3721639868367896576_n
ခရီးသွားပြည်သူတွေ ဘေးကင်းလုံခြုံဖို့ ယာဉ်မောင်းဘဝမြှင့်တင်စို့ခေါင်းစဉ်နဲ့  နိုဝင်ဘာ ၂၆ ရက်နေ့ကစတင်ပြီး ဥက္ကံ၊ မှော်ဘီ၊ ထောက်ကြန့်၊ လှည်းကူးနဲ့ ရန်ကုန်မြို့တွင်းရှိ YBS ယာဉ်မောင်းတွေ လက်ပတ်နီကမ်ပိန်း  ၅ ရက်ကြာစတင်ပြုလုပ်နေပါတယ်။ လက်ပတ်နီကမ်ပိန်းမှာ ယာဉ်မောင်းတွေက အချက်(၆)ချက်ကို ဆောင်ရွက်ပေးဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေထံ တောင်းဆိုထားတယ်လို့ ဥက္ကံမြို့ YBS ယာဉ်မောင်းဦးနေလင်းနိုင်က ပြောပါတယ်။ "ကျနော်တို့ ယာဉ်မောင်းတွေက မောင်းတဲ့အခါ အခက်အခဲတွေရှိတယ်။ ကျနော်တို့မှာ အာမခံတွေရှိတယ်။ ဒါပေမဲ့ လမ်းပေါ်မှာ တခုခုဖြစ်ရင် မှားမှားမှန်မှန်ကျနော်တို့ ယာဉ်မောင်းတွေပဲ ခံရတယ်။ မှားရင်ခံ၊ မှန်နေလို့နစ်နာကြေးရရင်လည်း သူတို့တွေပဲယူသွားတယ်။ Gas အခက်အခဲ ဖြစ်တာတွေ၊ အဖွဲ့အစည်းဖွဲ့တာတွေကို အသိအမှတ်မပြုတာတွေ၊ အထက်လူကြီးနဲ့ တွေ့ခွင့်တောင်း တော့လည်း မတွေ့ရဘဲ အဆုံးအဖြတ်မပေးနိုင်တဲ့သူတွေနဲ့သာ တွေ့ခွင့်ရတွေလည်းရှိတယ်။ အခု လက်ပတ်နီကမ်ပိန်းကို ၅ ရက်သတ်မှတ်ထားတယ်။"လို့ ပြောပါတယ်။ နိုဝင်ဘာ ၂၆ ရက်နေ့ကစတင်ပြီး YBPT လက်အောက်ရှိ YBS ယာဉ်လိုင်း ၃၇၊ ၄၃၊ ၈၇၊ ၈၈ နဲ့ ၆၂ ယာဉ်လိုင်းက ယာဉ်မောင်းများစုပေါင်းပြီး လက်ပတ်နီကမ်ပိန်းကို ၅ ရက်ဆက်တိုက် ပြုလုပ်ဖို့ ရှိနေပါတယ်။ လုပ်ငန်းခွင်အတွင်း ယာဉ်မတော်တဆမှုတွေမှာ အမှန်အမှားမခွဲခြားဘဲ အလုံးစုံလျော်ခိုင်းမှု၊ အလုပ်ရှင်အလုပ်သမား ကိုယ်စားလှယ်တွေ ဖွဲ့စည်းထားတာကို အသိအမှတ်ပြုပေးရေး၊ ယာဉ်မောင်းတွေရဲ့ရှာဖွေကို ၆ ရာခိုင်နှုန်းနဲ့ CNG Gas ဖြည့်သွင်းပေးနေမှု အခြေအနေတွေကို တွေ့ဆုံဆွေးနွေးပေးရေး၊ အစိုးရရုံးပိတ်ရက်တွေမှာ ယာဉ်မောင်းတွေကို တူညီခံစားခွင့်ရရှိရေး စတဲ့ အချက်တွေကိုလည်း ယာဉ်မောင်းတွေက တောင်းဆိုပါတယ်။ ယာဉ်မောင်းကိုစိုးစံကတော့ "ကျနော်တို့ ယာဉ်မောင်းတွေက ခရီးသည်တွေ အမြဲထိတွေ့နေရ တော့ အခက်အခဲတွေရှိတယ်။ ယာဉ်မတော်တဆ ထိခိုက်တာတွေ၊ Gas မလောက်လို့ အဲယားကွန်း မဖွင့်နိုင်တာတွေ၊ ခရီးသည်တွေကတိုင်ရင် အမှန်အမှားမဆုံးဖြတ်ဘဲနဲ့ လျော်ကြေးပေးရတာတွေ ရှိတယ်။ ကျနော်တို့ ဒီလိုကားတွေမောင်းဖို့ဆိုတာ နိုင်ငံတော်ကသတ်မှတ်ထားတဲ့ လိုင်စင်ရမှ မောင်းခွင့်ရတယ်။ လိုင်စင်ရဖို့အတွက်လည်း နှစ်နဲ့ချီပြီး လေ့ကျင့်သင်ယူခဲ့တယ်။ အခြား ယာဉ်လိုင်းတွေမှာ တခေါက်ကို ဘယ်လောက်ဆိုတဲ့ သတ်မှတ်ကြေးရှိပေမဲ့ ကျနော်တို့ကိုတော့ ရာခိုင်နှုန်းနဲ့ ပေးတယ်။ ဒါတွေက မဖြစ်သင့်ပါဘူး။ ဒါတွေကိုတော့ တာဝန်ရှိသူတွေ အနေနဲ့ ဖြေရှင်းပေးစေချင်ပါတယ်"လို့ပြောပါတယ်။ လတ်တလော ခရီးသွားပြည်သူတွေ အခက်အခဲမဖြစ်အောင် ယာဉ်တွေကိုတော့ ဆက်လက်မောင်းနှင်ပေး နေခဲ့ပေမယ့်လည်း တောင်းဆိုတဲ့အချက်တွေကို ဖြေရှင်းဆောင်ရွက်မပေးပါက ယာဉ်တွေကို ရပ်နားတဲ့အထိ ဆက်လက်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ သတင်း - မေသွယ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024