Home
မြန်မာသတင်း
လူငယ်များအတွက် အခမဲ့အသက်မွေးပညာသင်တန်းများ ဖွင့်လှစ်မည်
မင်းညို
·
November 25, 2019
မြန်မာနိုင်ငံက မြို့ကြီးတချို့မှာ ဥရောပသမဂ္ဂကော်မရှင်ရဲ့ အထောက်အပံ့နဲ့ အခမဲ့ တက်ရောက်နိုင်တဲ့ အသက်မွေးမှုပညာသင်တန်းတွေ ဖွင့်လှစ်သွားဖို့ရှိပါတယ်။ ပြည်၊ ဟင်္သာတ၊ ပခုက္ကူ၊ ကျောက်ပန်းတောင်းမြို့တွေမှာ အခြေခံမော်တော်ဆိုင်ကယ် ပြင်သင်တန်း၊ အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်းသင်တန်းနဲ့ စက်ချုပ်သင်တန်းတွေကို လာမယ့် ဇန်နဝါရီလကစပြီး သင်တန်းကြေးအခမဲ့နဲ့စ တင်ဖွင့်လှစ်တော့သွားမှာ ဖြစ်ပါတယ်။ လူငယ်တွေ အလုပ်အကိုင်အခွင့်လမ်းတွေရရှိစေဖို့ တဦးချင်းဝင်ငွေတွေ တိုးတက်စေဖို့ ရည်ရွယ်ချက်နဲ့ဖွှင့်လှစ်မှာဖြစ်တယ်လို့  အစိုးရနည်းပညာအထက်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးဇော်ဝင်းထွန်းက ပြောပါတယ်။ အခုလို အလုပ်အကိုင်တွေရှားပါးနေတဲ့အချိန်မှာ ဒီသင်တန်းမျိုးပေါ်ပေါက်လာတာကို ဝမ်းသာ ကြောင်းနဲ့ အခြေခံလက်တွေ့လုပ်ကိုင်ဖို့ လိုအပ်မယ်ဆိုရင်လည်း အကူအညီပေးသွားမယ်လို့  ပြည်ခရိုင်စက်မှုဇုံဥက္ကဋ္ဌ ဦးညီညီအောင်က ပြောပါတယ်။ ဒီသင်တန်းတွေက အဓိက လက်တွေ့ပိုင်းကိုသင်ကြားပေးသွားမှာဖြစ်ပြီး အသက် ၁၈ ကနေ ၄၅ နှစ်အတွင်းရှိသူတွေထဲက မြန်မာစာနဲ့ သင်္ချာ အခြေခံတပတ်မြောက်သူတွေကို ဦးစားပေး ရွေးချယ်သွားမှာဖြစ်ပါတယ်။ သင်တန်းတွေကို နိုဝင်ဘာ ၁ ရက်ကနေ  ဒီဇင်ဘာ ၂၀ ရက် အတွင်း လျှောက်ထားရမှာဖြစ်ပြီး သင်တန်းကာလက  ဇန်နဝါရီ ၁၃ ရက်မှ ဧပြီ ၄ ရက်အထိ သုံးလ အချိန် ပြည့်တက်ရောက်ရမှာပါ။ ပြည်မြို့ အစိုးရနည်းပညာအထက်တန်းကျောင်းမှာ လတ်တလော အခြေခံမော်တော် ဆိုင်ကယ်ပြင်သင်တန်းနဲ့ အိမ်တွင်း လျှပ်စစ်သွယ်တန်းခြင်းသင်တန်း နှစ်မျိုးကို သင် ကြားပေးမှာဖြစ်ပြီး သင်တန်းတက်ရောက်ခွင့်ရရှိသူတွေကို တလ ကျပ် ၃၀၀၀၀ ကျပ် ထောက်ပံ့မှာ  ဖြစ်ပါတယ်။ ဒီသင်တန်းတွေကို ဥရောပသမဂ္ဂ၊ Swiss Contact နဲ့ Finnish Refugee Council ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းတွေရဲ့အကူအညီနဲ့ဆောင်ရွက်တာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024