A d v e r t i s e m e n t With Us

မိုင်းဆတ်မြို့နယ်တွင် စိတ်ကြွဆေးပြား ၁ သိန်း ဖမ်းမိ

Photo : Ministry of Home Affairs, Myanmar
ရှမ်းပြည်နယ် မိုင်းဆတ်မြို့နယ်မှာ မနေ့ညနေပိုင်းက စိတ်ကြွဆေးပြား ၁ သိန်း ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ မိုင်းဆတ်မြို့နယ်၊ လွယ်ပါရင် (၂) ကျေးရွာအနီး မိုင်းဆတ်-တာချီလိတ်ကားလမ်း နိုဝင်ဘာ ၂၃ ရက်နေ့ ညနေ ၆ နာရီလောက်က မိုင်းတွမ်းဘက်မှ တာချီလိတ်မြို့ဘက်ကို ယာဘာ မောင်းနှင်လာတဲ့ Revo ယာဉ်အား စစ်ဆေးရာက မူးယစ်ဆေးတွေ ဖမ်းဆီးမိခဲ့တာလို့ ပြည်ထဲ‌ရေးက ထုတ်ပြန်ပါတယ်။ ယာဉ်မောင်းထိုင်ခုံနဲ့ နောက်ခန်း ထိုင်ခုံနှစ်ခုကြား ကြမ်းပြင်ပေါ်ရှိ ဆာလာအိတ်အတွင်းကနေ WY စာတန်းပါ စိတ်ကြွဆေး အပြာင်း ၁ သိန်း သိမ်းဆည်းရမိခဲ့တာပါ။ ယာဘာ(ဖမ်းမိ)အား မိုင်းတွမ်းနယ်မြေ ရဲစခန်း၊ မယ(ပ)၄၈/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က) နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up