ဟိုပင်မြို့တွင် ၂ ရက်ဆက် မြေငလျင်လှုပ်ခတ်

ကချင်ပြည်နယ် ဟိုပင်မြို့ရဲ့ အနောက်မြောက်ဘက်မှာ ဒီနေ့မနက်ပိုင်းက အင်အား ၃ ဒသမ ၉ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။ ဒီနေ့မနက် ၈ နာရီ၊ ၄၆ မိနစ်၊ ၁၃ စက္ကန့် အချိန်က ဟိုပင်မြို့ရဲ့ အနောက်မြောက်ဘက် ၃ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၅.၀၃ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆.၅၀ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာ စကေး ၃ ဒသမ ၉ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။ နိုဝင်ဘာ ၂၃ ရက်နေ့ မနက်ပိုင်း ၁၀ နာရီခွဲကျော်လောက်ကလည်း  ဟိုပင်မြို့ရဲ့ အရှေ့မြောက်ဘက်မှာ အင်အား ၃ ဒသမ ၃ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။

More News
Up