ကော့သောင်း ရဲအချုပ်ခန်းနဲ့ အကျဉ်းထောင်ကို တိုင်းတရားသူကြီး စစ်ဆေး
DVB
·
November 23, 2019
ကော့သောင်းရဲစခန်း အချုပ်ခန်းနဲ့ အကျဉ်းထောင်ကို တနင်္သာရီတိုင်း တရားလွှတ်တော် တရားသူကြီးနဲ့ တာဝန်ရှိသူတွေ သွားရောက်ပြီး အကျဉ်းသားအခွင့်အရေး ရရှိခံစားရတာ ရှိ၊ မရှိ ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
တနင်္သာရီ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး ဦးခင်မောင်မောင်၊ တိုင်းဒေသကြီး တရားရေးဦးစီးမှူး ဒေါ်အေးအေးသန်းနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ကော့သောင်းမြို့ ၉ မိုင်အကျဉ်းထောင်နဲ့ မြို့မရဲစခန်းအချုပ်ခန်းတို့ကို နိုဝင်ဘာ ၂၂ ရက်နေ့ နက်ပိုင်းက သွားရောက်စစ်ဆေးခဲ့ကြတာလို့ ကော့သောင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနမှ တာဝန်ရှိသူတဦးက ပြောပါတယ်။
တရားသူကြီးနဲ့ အဖွဲ့ဟာ ထောင်တွင်းက အကျဉ်းသူ အကျဉ်းသားတွေနဲ့ တွေ့ဆုံပြီး အကျဉ်းသားတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးများ ရရှိခံစားရခြင်း ရှိ၊ မရှိ၊ ကျန်းမာရေးနဲ့ ညီညွတ်ခြင်းရှိ/မရှိ၊ အစာအာဟာရ ပြည့်စုံခြင်းရှိ၊ မရှိ စတာတွေကို စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် အိပ်ဆောင်၊ စားဖိုဆောင်တွေ၊ သောက်သုံးရေ ရရှိတဲ့နေရာ ရေထားရှိရာ နေရာတွေကိုလည်း စစ်ဆေးခဲ့ကြပါတယ်။
အကျဉ်းထောင် တာဝန်ခံအရာရှိက ထောင်လုံခြုံရေးစီမံထားရှိမှု စီမံရေးရာ၊ ထောက်ပံ့ရေးရာ၊ ထောင်ဆိုင်ရာလုပ်ငန်းတွေကို ရှင်းလင်းတင်ပြခဲ့ပါတယ်။
ဒီနောက် တရားလွှတ်တော်တရားသူကြီးနဲ့ အဖွဲ့ဟာ ကော့သောင်းမြို့မြိုမရဲ့စခန်းကို သွားရောက်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
လတ်ကိုကိုဦး