ပြေတီဦးနှင့် ရွှေမှုံရတီခေါင်းဆောင်ပါဝင်သည့် မြန်မာရုပ်ရှင် ‘ဆန္ဒဖော်ထုတ်မယ်’(နမူနာ)
DVB
·
November 22, 2019
နာမည်ကြီး သရုပ်ဆောင်မင်းသားမင်းသမီး ၂ ဦးဖြစ်တဲ့ ပြေတီဦးနဲ့ ရွှေမှုံရတီ ခေါင်းဆောင်ပါဝင်ထားတဲ့ မြန်မာရုပ်ရှင်-ဆန္ဒဖော်ထုတ်မယ်ကို လာမယ့် နိုဝင်ဘာလ ၂၈ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
ဒီကားကိုတော့ လပ်ကီးဆဲဗင်းရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး ဒါရိုက်တာ ကျော်ဇောလင်းက ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။
အချစ်ဟာသဒရာမာ ဇာတ်လမ်းတပုဒ်အနေနဲ့ ပုံဖော်ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကား ထဲမှာတော့ ဧက၊ တီတီ၊ ယျယျစတဲ့ ဇာတ်ကောင်တွေနဲ့ ဘယ်လိုကမောက်ကမဆန်ဆန် ဟာသ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ရိုက်ကူးပုံဖော်ထားမလဲဆိုတာကို ပရိသတ်တွေက ရုံတင်ပြသတဲ့အခါ စောင့်မျှော်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
ဒီကားထဲမှာ ပြေတီဦး၊ ရွှေမှုံရတီတို့နဲ့အတူ တခြားသရုပ်ဆောင်တွေဖြစ်ကြတဲ့ ဇေ ယျ၊ ယွန်းရွှေရည်တို့နဲ့ ဟာသ သရုပ်ဆောင်တွေလည်း အများကြီး ပါဝင်ထားကြတာ ဖြစ် ပါတယ်။
လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ကို ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန် ရက်စာမျက်နှာပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၂ သန်းခွဲကျော် ရှိနေခဲ့ပြီ ဖြစ် ပါတယ်။