Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်အစိုးရက ကြက်သွန်နီဈေးနှုန်း ကန့်သတ်သဖြင့် မြန်မာကုန်သည်များအရှုံးပေါ်
DVB
·
November 22, 2019
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကြက်သွန်နီဈေးနှုန်း ကန့်သတ်လိုက်တာကြောင့် ရခိုင်ပြည်နယ် မောင်တောနယ်စပ်ကနေ ကြက်သွန်တင်ပို့နေတဲ့ ကုန်သည်တွေ အရှုံးနဲ့ရင်ဆိုင်နေရတယ်လို့  သိရပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရက ကြက်သွန်နီတွေကို ပါကစ္စတန်၊ တူရကီ၊ အီဂျစ်နိုင်တွေက ၀ယ်ယူပြီး လေကြောင်း၊ ရေကြောင်းမှ တင်သွင်းကာ စျေးနှုန်းချိုသာစွာနဲ့ ပြည်သူတွေကို ရောင်းချပေးနေတာ ကြောင့် မြန်မာဘက်က ဈေးနှုန်းမြင့် ဝယ်ယူထားတဲ့ ကုန်သည်တွေ အရှုံးပေါ်နေတာလို့ ဘင်္ဂလားဒေ့ရှ်ဘက် ကြက်သွန်ပို့တဲ့  မာမတ်တူဖီက ပြောပါတယ်။ "ပြည်သူတွေကို ၁ ကီလို တာကာငွေ ၄၅ တာကာနဲ့ ကျေးရွာတွေကို သွားရောက်ပြီး အရှုံးခံရောင်းချပေးနေပါတယ်။ နောက်ပြီးတော့ ကုန်သည်တွေကို ကြက်သွန်စျေးနှုန်း ကန့်သတ်ထားပါတယ်။ ၁ ကီလိုကို တာကာ ၄၀ မှ ၆၀ အထိ ပိုမရောင်းရ၊ ရောင်းချလျှင် ထောင်ဒဏ် ၁၅ နှစ် ကျခံရမယ်ဆိုတော့ ဘယ်သူမှကြက်သွန် မဝယ်ကြတောဘူး။ ဈေးနှုန်းက တအားကျသွားတယ်။ အရင် ၁ ကီလိုကို တာကာ ၂၅၀ ရှိတယ်၊ အခုတာကာ ၉၀ ဖြစ်သွားတယ်။ ကျနော်တို့က ၁ ကီလို တာကာ ၁၃၀ စျေးခေါ်တယ် မဝယ်ကြဘူး။"  အောက်တိုဘာလဆန်းပိုင်းကစတင်ပြီး အိန္ဒိယနိုင်ငံမှာ ကြက်သွန်နီပြည်ပ တင်ပို့မှု ပိတ်ပင်ထားလိုက်တာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို မြန်မာဘက်က ကြက်သွန်နီတင်ပို့မှု မြင့်တက်ခဲ့တာပါ။ ဒါ့အပြင် မြန်မာကုန်သည်တွေ ကြက်သွန်ကို အလုအယက်ဝယ်ယူခဲ့ကြတာကြောင့် မြန်မာနိုင်ငံမှာ ကြက်သွန်နီစျေး ၃ ဆကျော်မြင့်တက်ခဲ့ပြီး မောင်တောမြို့မှာ ကြက်သွန်နီ ၁ ပိဿာ ၁၂၀၀ မှ ၄၀၀၀ ကျပ်အထိ မြင့်တက်ခဲ့ပါတယ်။ "ဒီနေ့ လက်ရှိကြက်သွန်စျေးက ဘင်္ဂလားမှာ ၁ ကီလိုကို တာကာ ၉၀ မှ ၁၀၀ ထိသာ ပေါက်စျေးရှိပါတယ်။ ကျနော်တို့ကတော အခုကြက်သွန်တွေ ထပ်မဝယ်တော့ပါဘူး။ အရင်ဝယ်ထားတာက ၁ ပိဿာကို ၃၂၀၀ နဲ့ဝယ်ထားတာပါ။ အခုပို့မယ့်ကြက်သွန်ကတော့ ကျနော်တို့ရှုံးမှာပါ" လို့ ကုန်သည်တဦးက ပြောပါတယ်။ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ စက်တင်ဘာလမှာ ကြက်သွန်နီတန်ချိန် ၁၈၀ တန်သာ တင်ပို့ခဲ့ပြီး အောက်တိုဘာလအတွင်း ကြက်သွန်နီတန်ချိန် ၁၁၇၅ တန်အထိ တင်ပို့ခဲ့ကြောင်း မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းက သိရပါတယ်။ ကောင်းကောင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024