Home
ရုပ်သံ
တယောတီးခတ်မှုနဲ့ ‘တောက်ပခဲ့တဲ့ နေ့ရက်များ’သီချင်းကို အစွမ်းပြသီဆိုခဲ့သည့် အေးမြဖြူ(ရုပ်သံ)
DVB
·
November 22, 2019
မနေ့ညက ကျင်းပခဲ့တဲ့ မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲရဲ့ ကန်းထရီးသီချင်းတွေနဲ့ ညမှာတော့ အသက်အငယ်ဆုံး ပြိုင်ပွဲဝင် အေးမြဖြူက တချိန်က နာမည်ကြီးအမျိုးသမီး တေးသံရှင်တဦးဖြစ်တဲ့ တင့်တင့်ထွန်းရဲ့ သီချင်းတပုဒ်နဲ့ အစွမ်းပြယှဉ်ပြိုင်သွားခဲ့ပါတယ်။ “အိုငယ်ရွယ်စဉ်မှာစိတ်များ… တိမ်လွှာတွေလိုပေါ့ပါး… ဖြူစင်ကာ အပျော်ရွှင်ဆုံး လေ… အိုလိုအင်ဆန္ဒ နည်းပါး လွတ်လပ်ချိန်မို့… ပူပင်စရာတွေလည်းဝေး… အချိန် ရာသီယာဉ် ရထား ခေါ်ဆောင်ရာကိုပါသွား… နောက်လှည့်မရတဲ့အရွယ် ခု တော့ မမေ့ ဘူး… လွမ်းမိ တောက်ပတဲ့နေ့ရက်တွေကို” ‘တောက်ပခဲ့တဲ့ နေ့ရက်များ’အမည်ရတဲ့ ဒီသီချင်းကိုတော့ နာမည်ကြီး တေးရေး ဆရာ မင်းချစ်သူက ရေးဖွဲ့ပေးထားခဲ့တာဖြစ်ပြီး ကန်းထရီးဆန်ဆန် ခပ်ဆွေးဆွေးသီချင်း တပုဒ်အသွင်နဲ့ ခံစားနားဆင်ခဲ့ကြရတာပါ။ ပရိသတ်တွေအကြား ရေပန်းစားအားပေးမှုတွေနဲ့ ရှေ့ဆက်လာခဲ့တဲ့ မြန်မာအိုင် ဒေါ သီချင်းဆိုပြိုင်ပွဲကို ကျင်းပလာခဲ့တာ ခုတပတ်ဟာ စတုတ္ထမြောက်သီတင်းပတ် ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။ ခုသီတင်းပတ်မှာတော့ Top Finalists ၈ ယောက်ဖြစ်ကြတဲ့ ယောကီး၊ ဘင်ဂျ မင်ဆုန်း၊ နော်စေးစေးထူး၊ တန်ခွန်ကျော်၊ ထက်အဉ္စလီ၊ အက်စတာဒေါ့သ်ချင်းဆုန်၊ မူး လာနဲ့ အေးမြဖြူတို့က ကန်းထရီးကျေးလက်သီချင်းတွေနဲ့ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြ တာပါ။ Myanmar Idol Season 4 သီချင်းဆိုပြိုင်ပွဲရဲ့ ဒိုင်တွေအနေနဲ့ အခုနှစ်မှာတော့ အဆိုတော် အောင်ကိုလတ်၊ တင်ဇာမော်နဲ့ ဖြူဖြူကျော်သိန်းတို့က အကဲဖြတ်အမှတ်ပေး နေကြတာဖြစ်ပြီး Host အနေနဲ့  Myanmar Idol Season ၃ ခုလုံးမှာ ပါဝင်ခဲ့တဲ့ ကျော် ထက်အောင်ကပဲ တင်ဆက်ပေးနေတာ ဖြစ်ပါတယ်။ အသက် ၉ နှစ်အရွယ်လောက်ကတည်းက Starlet’s Sky – ကြယ်ကလေးတွေရဲ့ ဂီတမိုးကောင်းကင်သီချင်းဆိုပြိုင်ပွဲမှတဆင့် Myanmar Idol ရဲ့ စင်မြင့်ဆီကို တက်လှမ်း လာခဲ့တဲ့ အေးမြဖြူဟာ လက်ရှိမှာတော့ အသက် ၁၆ နှစ်အရွယ်ရှိနေပြီဖြစ်ကာ အသက် အငယ်ဆုံးပြိုင်ပွဲဝင် ဖြစ်လာခဲ့ပါတယ်။ အေးမြဖြူဟာ Myanmar Idol ရဲ့ Audition အဆင့်မှာလည်း နီနီခင်ဇော်ရဲ့ သီချင်းတပုဒ်ဖြစ်တဲ့ ‘ရက်စက်သွားသူ’သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့တာပါ။ Top Finalists ၁၁ ယောက် အပြိုင်ကြဲယှဉ်ပြိုင်ကြရမယ့် ပထမသီတင်းပတ်မှာ တော့ ပြိုင်ပွဲဝင်တွေဟာ သူတို့ကြိုက်နှစ်သက်ရာသီချင်းတွေနဲ့ အစွမ်းကုန်ယှဉ်ပြိုင်ခဲ့ကြ တာ ဖြစ်ပြီး အေးမြဖြူက နီနီခင်ဇော်ရဲ့ ‘လွမ်းခွင့်လေး’သီချင်းနဲ့ အစွမ်းပြယှဉ်ပြိုင်ခဲ့တာ ပါ။ ရော့ခ်သီချင်းတွေနဲ့ သီဆိုယှဉ်ပြိုင်ရတဲ့ နောက်တပတ်မှာတော့ သူက သရုပ် ဆောင်အဆိုတော် မင်းသားကြီး ကျော်ဟိန်း သီဆိုအောင်မြင်ခဲ့တဲ့ ‘မြင်သောငိုသော မျက် လုံးများ’သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ပြီး ပြီးခဲ့တဲ့ တက္ကသိုလ်သီချင်းတွေနဲ့ သီတင်းပတ်မှာတော့ ဝါရင့်တေးသံရှင် သရုပ်ဆောင်မင်းသမီးကြီး ချိုပြုံးရဲ့ ‘တက္ကသိုလ်ကျောင်းက ငွေလမင်း’ သီချင်းနဲ့ မြန်မာသံကို ပိုင်ပိုင်နိုင်နိုင်သီဆို အစွမ်းပြခဲ့တာ ဖြစ်ပါတယ်။ “အိုငယ်စဉ်မှာပူဆာတိုင်း… ပိုင်ဆိုင်နိုင်အရာရာတိုင်း… ဒီအချိန်တွေကုန်လွန်ခဲ့ပြီ … ကမ္ဘာမြေဟာ မိထွေးဆိုးရဲ့စိတ်ဓါတ်လိုဘဲ… ကြည်ဖြူချင်တာတွေသိပ်မရှိ… အိုလိုချင် တာဟာ ဆန္ဒ ကြုံဆုံနေတာဟာ ဘဝ… သဘောပေါက်ခဲ့တဲ့အရွယ် ခု တော့ မမေ့ဘူး… လွမ်းမိ တောက်ပတဲ့နေ့ရက်တွေကို” အေးမြဖြူရဲ့ သီဆိုယှဉ်ပြိုင်မှုအပြီး ဒိုင်တွေက မှတ်ချက်ပေးခဲ့ကြချိန်မှာတော့ ဖြူ ဖြူကျော်သိန်းက “ဒီနေ့ည သူက အသည်းကွဲဖူးတဲ့ အပျိုမကြီးစတိုင်နဲ့ ဆိုသွားတာ”လို့ ချစ်စနိုးမှတ်ချက်ပေးခဲ့ပြီး တယောပံ့ပိုးတီးခတ်မှုနဲ့ လိုက်ဖက်ညီတာကိုလည်း ချီးကျူးသွားခဲ့တာကို တွေ့ရပါတယ်။ တင်ဇာမော်ကတော့ အေးမြဖြူရဲ့ ပါလာပြီးသား အနုပညာအရည်အချင်းအပေါ် လိုက်ဖက်ညီတဲ့ သီချင်းရွေးချယ်မှုနဲ့ ဒီသီချင်းနဲ့ လိုက်ဖက်ညီအောင်ပံ့ပိုးတီးခတ်ပေးတဲ့ Hi Bird တေးဂီတအဖွဲ့နဲ့ Vocal Coach တွေဖြစ်တဲ့ ဥက္ကာဦးသာ၊ ထရေစီတို့ကိုပါ ချီးကျူး ခဲ့တာကို တွေ့ရပါတယ်။ ပရိသတ်တွေရဲ့ မဲပေးရွေးချယ်မှုနဲ့ အဆုံးအဖြတ်ပေးမယ့် အခုညရဲ့ Result Show မှာတော့ ပြိုင်ပွဲဝင် Top finalists ၈ ယောက်ထဲက ဘယ်ပြိုင်ပွဲဝင်တွေက နောက်တဆင့် ဆက်လက်ပြီးတော့ တက်လှမ်းသွားနိုင်မလဲ၊ သူတို့ထဲက ဘယ်သူက ပြိုင်ပွဲကနေ လက်ပြ နှုတ်ဆက်သွားရမလဲဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024