မိတ္ထီလာကန်အနီး အမည်မသိအမျိုးသား အလောင်းတွေ့ရှိ
DVB
·
November 22, 2019
မန္တလေးတိုင်း၊ မိတ္ထီလာမြို့ရှိ မိတ္ထီလာတောင်ဘက်ကန် ရေလည်ဘုရားအနီးမှာ နိုဝင်ဘာ ၂၁ ရက်က အမည်မသိအမျိုးသားတဦးရဲ့ အလောင်းတွေ့ရှိခဲ့တယ်လို့ မိတ္ထီလာမြို့မရဲစခန်းက ပြောပါတယ်။
မိတ္ထီလာမြို့မရဲစခန်းတာဝန်ကျရဲအရာရှိက"ပြင်ပဒဏ်ရာ မတွေ့ရဘူး၊ မျက်နှာနဲ့လက်တွေ ခြေတွေ ကတော့ ရေနူးနေပြီ အသက်ခန့်မှန်းတာတော့ ၃၀နှစ် ဝန်းကျင်လောက်ဖြစ်မယ်။ သေမှုသေခင်းဖွင့်ပြီး စုံစမ်းနေပါတယ်" လို့ ပြောပါတယ်။
အဲဒီအလောင်းကို မိတ္ထီလာကန်ရေလည်ဘုရား ရှင်ဥပဂုတ္တဘုရားကျောင်းဆောင်ရဲ့ တောင်ဘက်ကိုက် ၂၀ အကွာမှာ မှောက်လျက်အနေအထားနဲ့ တွေ့ရှိပြီး သေဆုံးသူရဲ့ ဝမ်းဗိုက်ညာ ဘက်ဘေးမှာ ပလာစတာ တခုကပ်ထားတာ တွေ့ရှိရပါတယ်။
သေဆုံးသူဟာ ဘယ်သူဘယ်ဝါလဲဆိုတာ မသိရသေးပဲ အမှုဖြစ်စဉ်နဲ့ပတ်သက်လို့ မိတ္ထီလာမြို့မရဲစခန်းမှာ သေမှုသေခင်းအမှတ်စဉ်၂၃/၂၀၁၉နဲ့ အမှုဖွင့်စုံစမ်းနေပါတယ်။
သတင်း- မောင်မောင်လင်း