နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏ တောင်ကြီးခရီးစဉ်တွင် တိုင်စာ ၁၀၄ စောင်ရရှိ
DVB
·
November 21, 2019
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ တောင်ကြီးမြို့ကိုသွားရောက်တဲ့ ခရီးစဉ်အတွင် လူထုတွေ့ဆုံပွဲမှာ မေးခွန်းမေးခွင့်မရတဲ့သူအတွက် တိုင်စာလက်ခံဌာနဖွင့်လှစ် ပေးခဲ့ရာမှာ တိုင်ကြားစာ ၁၀၀ ကျော်ရရှိခဲ့ပါတယ်။
အချိန်အကန့်အသတ်ရှိတဲ့အတွက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့လူထုတွေ့ဆုံပွဲမှာ မေးခွန်းမေးခွင့်မရတဲ့သူတွေ တိုင်ကြားစာပို့နိုင်ဖို့ တိုင်ကြားစာလက်ခံရာဌာနကို မြို့နယ်ထွေအုပ်နဲ့ အရပ်ဖက်အဖွဲ့ပေါင်းပြီး ပြုလုပ်ခဲ့တာပါ။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ခရီးစဉ်မှာ တင်ပြစာ တိုင်စာ ၁၀၄ စောင်ရရှိပြီး နိုင်ငံတော် အတိုင်ပင်ခံရုံးသို့ အပ်နှံသွားမယ်လို့ တောင်ကြီး မြို့ နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဖြိုးမင်ထိုက် က ပြောပါတယ်။
ဒီလိုတိုင်ကြားစာလက်ခံဌာနဖွင့်လှစ်ပြီး တိုင်ကြားထားတဲ့ပြည်သူတွေအနေနဲ့ ထိရောက်မှုရှိ တယ်လို့ ဆိုပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဝင်ဘာ ၁၉ ရက်မွန်းလွဲပိုင်းမှာ တောင်ကြီးမြို့ မြို့ တော်ခန်းမမှာ မြို့မိမြို့ဖနဲ့ ပြည်သူလူထုတွေ့ဆုံပွဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။
လူထုတွေ့ဆုံပွဲမှာ မြို့နယ် ၅ ခုဖြစ်တဲ့ တောင်ကြီး၊ ဟိုပုံး၊ ညောင်ရွှေ၊ ကလော၊ ရပ်စောက်စတဲ့မြို့နယ် တမြို့နယ်ကို မေးခွန်း ၂ ခုစီ ရရှိပြီး တက်ရောက်လာသည့်သူတွေက မဲနိုက်ပြီး မေးခွန် ၁၀ ခုကိုလည်း လက်ခံဖြေဆိုပေးခဲ့ပါတယ်။
သတင်း- ခွန်ရာဇာ