Home
ရုပ်သံ
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေ ပြနေသလဲ
DVB
·
November 21, 2019
       အပတ်စဉ်ပုံမှန်တင်ဆက်နေကျဖြစ်တဲ့ Movie Crazy အစီအစဉ်ကနေ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာမှာ ရုံတင်ပြသတော့မယ့်၊ ရုံတင်ပြသနေဆဲဖြစ်တဲ့ ကောင်းနိုးရာရာ ရုပ်ရှင် ဇာတ်ကားတွေ အကြောင်းကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။        မူဗီခရေဇီတွေကို ပထမဆုံး မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ရုံမတင်ခင်ကတည်းက ပရိသတ်တွေကြား ရေပန်းစားနေတဲ့ ကွန်ပြူတာအဲန်နီမေးရှင်းဂီတဇာတ် မြူးရုပ်ရှင်- Frozen ! ဒီကားကိုတော့ နာမည်ကျော် Walt Disney Studios ကတင်ဆက်လိုက်တာ ဖြစ်ပြီး အရင်ရုပ်ရှင်ကားကို ရိုက်ကူးခဲ့တဲ့ ဟောလိဝုဒ်ရုပ်ရှင်ဒါရိုက်တာတွေဖြစ်ကြတဲ့ ဒါ ရိုက်တာ Chris Buck နဲ့ အမျိုးသမီး ရုပ်ရှင်ဒါရိုက်တာ Jennifer Lee တို့က ပြန်လည် ရိုက်ကူးပုံဖော်ပေးထားကြတာပါ။ ဒီကားဟာ ၂၀၁၃ ခုနှစ်မှာ ရုံတင်ပြသခဲ့ပြီး အော်စကာရုပ်ရှင်ထူးချွန်ဆုရ Frozen ရုပ်ရှင်ရဲ့ နောက်ဆက်တွဲရုပ်ရှင်ကားအနေနဲ့ ထွက်ရှိလာခဲ့တာဖြစ်ပါတယ်။ ဒီကားထဲမှာ ပရိသတ်တွေ သိကြပြီးဖြစ်တဲ့ ဘုရင်မ Elsa ၊ မင်းသမီး Anna ၊ မင်းသား Kristoff ၊ နှင်းလူသား Olaf ၊ ဒရယ်ဖိုကြီး Sven စတဲ့ ဇာတ်ကောင်တွေ ပါဝင်မှာဖြစ်ပြီး ရှေ့ရုပ်ရှင် ကားထဲက အဖြစ်အပျက်တွေအပြီး ၃ နှစ်လောက်ကြာသွားပြီးတဲ့နောက်မှာ ဘာတွေ ဆက်ဖြစ်လာမလဲ၊ ဘယ်လိုထူးခြားတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေ၊ မတူညီတဲ့ ဇာတ်ဝင် ခန်းတွေ ပါဝင်လာမလဲဆိုတာကိုတော့ ဒီကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာ သရုပ်ဆောင်မင်းသမီးမင်းသားတွေ ဖြစ်ကြတဲ့ Idina Menzel ၊ Kristen Bell ၊ Jonathan Groff နဲ့ Josh Gad တို့က အသံနဲ့ ပါဝင်သရုပ်ဆောင် ထားကြတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာ ပါဝင်မယ့် ဇာတ်ဝင်သီချင်းတွေကိုတော့ အရင် Frozen ရုပ်ရှင် ရဲ့ နာမည်ကျော်ဇာတ်ဝင်သီချင်း Let It Go ကို သီဆိုပြီး အောင်မြင်မှုရရှိခဲ့တဲ့  အဆို တော် Kristen Anderson-Lopez နဲ့ Robert Lopez ဇနီးမောင်နှံကပဲ ပြန်လည်ပါ ဝင် သီဆိုပေးထားကြတာ ဖြစ်ပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြောစကား Dialog တွေ၊ ပြကွင်းပြကွက်တွေက ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့် မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ PG အဆင့် သတ်မှတ်ထားပါတယ်။ IMDb မှာတော့ ဒီရုပ်ရှင်ကားဟာ Rating 7.1 အထိ ရရှိထားပြီး Box Office မှာ တော့ ဒီကားကို အမေရိကန်နဲ့ ကနေဒါမှာ ရုံတင်ပြသမယ့် ပထမသီတင်းပါတ်မှာတင် ဝင် ငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ နီးပါး ရရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ကြာမြင့်ချိန် ၁၀၃ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် နိုဝင်ဘာလ ၂၂ ရက် နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။        မူဗီခရေဇီတွေကို ထပ်ပြီးတော့ မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ Box Office ရုံတင်ဝင်ငွေထိပ်ဆုံးဇယားမှာ ဦးဆောင်နေတဲ့ ရုပ်ရှင် Ford v Ferrari !        ထူးထူးခြားခြား Sports Drama အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီရုပ်ရှင် ကိုတော့ 20th Century Fox ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီက ဖြန့်ချိလိုက်တာဖြစ်ပြီး The Wolverine ၊ Logan စတဲ့ နာမည်ကြီးရုပ်ရှင်တွေရဲ့ ဖန်တီးရှင် ဒါရိုက်တာ James Mangold က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။        ဒီရုပ်ရှင်ကတော့ “1966 24 Hours of Le Mans”ဆိုတဲ့ ကားပြိုင်ပွဲမှာ အီတလီ ရဲ့ နာမည်ကျော် Ferrari အသင်းကို အနိုင်ယူဖို့ Ford GT40 ကားကို တည်ဆောက်ခဲ့ တဲ့ အမေရိကန်နဲ့ ဗြိတိန်ကားဒီဇိုင်နာနဲ့ အင်ဂျင်နီယာတွေရဲ့ လူသိနည်းတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းတပုဒ်ကို ရုပ်ရှင်အနေနဲ့ ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။  ဗြိတိန်ပြိုင်ကား မောင်းသမား Ken Miles နဲ့ အမေရိကန် ပြိုင်ကားမောင်းသမားနဲ့ ဒီဇိုင်နာ Carroll Shelby တို့ရဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့ ပြိုင်ပွဲဇာတ်ဝင်ခန်းတွေ၊ စွန့်စားမှုစတန့်ပြ ကွက်တွေနဲ့ ဘယ်လိုရိုက်ကူးပုံဖော်ထားမလဲဆိုတာကိုတော့ ပရိသတ်တွေက ဒီကားထဲ မှာ ရှုစားကြရမှာ ဖြစ်ပါတယ်။        ဒီရုပ်ရှင်ကားထဲမှာ နာမည်ကြီး ဟောလိဝုဒ်သရုပ်ဆောင်မင်းသား ၂ လက်ဖြစ်ကြ တဲ့ Matt Damon နဲ့ Christian Bale တို့က အတွဲညီညီနဲ့ ခေါင်းဆောင်ပါဝင်ထားကြ တာပါ။ ဒီကားထဲမှာ ပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေနဲ့ ပြော စကား Dialog တွေက အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော် တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။        IMDb မှာတော့ ဒီရုပ်ရှင်ကားဟာ Rating 8.3 အထိ ရရှိထားတဲ့ ဇာတ်ကား ကောင်းတကားဖြစ်ပါတယ်။ ဘတ်ဂျတ်အမေရိကန်ဒေါ်လာ ၉၇ ဒဿမ ၆ သန်းအကုန်အကျခံရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကားကိုတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့ကတည်းက ရုံတင်ပြသနေတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဒီကားဟာ ရုံတင်ပြသတဲ့ ပထမသီတင်းပတ်မှာတင် Box Office မှာ ဝင်ငွေအမေရိကန်ဒေါ်လာ ၅၂ ဒဿမ ၄ သန်းနဲ့ ဦးဆောင်နေခဲ့တာမို့ ပရိ သတ်တွေအတွက် ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်။ ဒီတခါ မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ အပစ်အခတ် အက်ရှင်ဇာတ်ဝင် ခန်းတွေနဲ့ ရှုစားကြရမယ့် မြန်မာရုပ်ရှင်-ဗိုလ်နေတိုး ! ဒီကားကိုတော့ လူစွမ်းကောင်းရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး  ဇာတ်လမ်းနဲ့ဒါရိုက်တာ စတီးလ်က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့  ဝါရင့်သရုပ်ဆောင်မင်းသား နေတိုး၊ သရုပ်ဆောင်မင်းသမီး သက်မွန်မြင့်နဲ့ ပိုင်ဖြိုးသုတို့က အဓိကသရုပ်ဆောင်တွေအနေနဲ့ ပါဝင်ထားကြတာ ဖြစ်ပါ တယ်။ ဗိုလ်နေတိုးဆိုတဲ့အတိုင်း ဇာတ်ကောင်စရိုက် ပီပီပြင်ပြင်နဲ့ ဘယ်လို သရုပ်ဆောင် ထားမလဲ၊ ဘယ်လိုအပစ်အခတ်ဇာတ်ဝင်ခန်းတွေနဲ့ ရိုက်ကူးပုံဖော်ထားမလဲဆိုတာကို တော့ ဒီကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာ တခြားသရုပ်ဆောင်တွေ ဖြစ်ကြတဲ့ ထွန်းကိုကို၊ မင်းဦး၊ နေမျိုး အောင်၊ ဇင်ဝိုင်း၊ သိန်းလင်းစိုး၊ နန်းခင်ဇေယျာစတဲ့ သရုပ်ဆောင်တွေလည်း အများကြီးပါ ဝင်ထားကြတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ နိုဝင်ဘာလ ၁၈ ရက်နေ့ညပိုင်းက ရန်ကုန် မြို့၊ သမ္မတရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ဟာ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှု ကွန်ရက်စာမျက်နှာပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၂ သန်းနီးပါး ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ ဒီကားကိုတော့ လာမယ့် နိုဝင်ဘာလ ၂၁ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါ တယ်။        နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ Black Panther ရုပ်ရှင် နဲ့ နာမည်ကြီးတဲ့ လူမည်းသရုပ်ဆောင်မင်းသား Chadwick Boseman ခေါင်းဆောင် ပါဝင်ထားတဲ့ ဟောလိဝုဒ်ရုပ်ရှင် 21 Bridges !        ဒီကားကိုတော့ STX films က ဖြန့်ချိလိုက်တာဖြစ်ပြီး အိုင်းရစ်ချ်ရုပ်ရှင် ဒါရိုက် တာ Brian Kirk က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ နယူးယောက်ရဲဌာနမှ အထူးရဲအရာရှိတယောက်ဖြစ်တဲ့ Andre Davis ဟာ  အ တိတ်က ဆိုးဝါးတဲ့ နာမည်ပျက်တခုရှိနေပြီး လက်ရှိမှာတော့ ရဲအရာရှိ ၂ ယောက်ကို လုပ် ကြံသတ်ဖြတ်ခံရတဲ့ အမှုကို ကိုင်တွယ်ရဖို့ ရှိနေပါတယ်။ ဒီအမှုက အားလုံးက ထင်ထား ကြတဲ့ ခပ်ငယ်ငယ် တရားခံပြေး ၂ ယောက်လား၊၊ ဒီနောက်ကွယ်မှာ ဘယ်သူတွေက ပါ ဝင်ပတ်သက်နေမလဲ။ နောက်ဆုံး တရားခံတွေကို ဖမ်းမိနိုင်ဖို့ မန်ဟက်တန်ရဲ့ အဓိကတံ တားကြီး ၂၁ စင်းကို ပိတ်ချလိုက်ရဖို့ ဖြစ်လာချိန်မှာ ဘာတွေ ဆက်ဖြစ်လာမလဲ။ အလွယ် တကူရော ဖမ်းမိနိုင် ပါ့မလားဆိုတာတွေကို ရင်တထိတ်ထိတ်နဲ့ ပရိသတ်တွေက ရှုစား ကြရမှာ ဖြစ်ပါတယ်။        ဒီကားထဲမှာ လူမည်းသရုပ်ဆောင်မင်းသား Chadwick Boseman ကို အဓိက ဇာတ်ကောင် အထူးရဲအရာရှိအနေနဲ့ ရှုစားကြရမှာဖြစ်ပြီး သူနဲ့အတူ တခြားဟောလိဝုဒ် သရုပ်ဆောင်မင်းသား မင်းသမီးတွေ ဖြစ်ကြတဲ့ Sienna Miller ၊ Stephan James ၊ Keith David ၊ Taylor Kitsch နဲ့ J. K. Simmons တို့ကလည်း ပါဝင်ထားကြတာပါ။        ဒီရုပ်ရှင်ကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ အပစ်အခတ်ဇာတ်ဝင်ခန်းမြင်ကွင်း တွေ၊ ပြကွင်းပြကွက်တွေနဲ့ ပြောစကား Dialog တွေက အသက် ၁၇ နှစ်အောက် က လေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကိုကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်း သူခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါ တယ်။        IMDb မှာတော့ ဒီရုပ်ရှင်ကားဟာ Rating 6 အထိ ရရှိထားပြီး Box Office မှာ တော့ အမေရိကန်နဲ့ ကနေဒါမှာ ရုံတင်ပြသမယ့် ပထမသီတင်းပတ်မှာတင် ဝင်ငွေအမေရိ ကန်ဒေါ်လာ ၁၃ သန်း ရရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ကြာမြင့်ချိန် မိနစ် ၁၀၀ ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် နိုဝင်ဘာလ ၂၂ ရက် နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။        မူဗီခရေဇီတွေကို နောက်ဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ လျှို့ဝှက် သည်းဖိုဆန်တဲ့ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ရှုစားကြရမယ့် မြန်မာရုပ်ရှင်-ကြိုးဖုန်း !        ဒီကားကိုတော့ Golden Hour Entertainment နဲ့ Arkar Production တို့က ပူးပေါင်းတင်ဆက်လိုက်တာ ဖြစ်ပြီး ‘ဒုဋ္ဌဝတီကိုလွန်၍’၊ ‘ကမ္ဘာနှစ်ထပ်”စတဲ့ရုပ်ရှင်တွေနဲ့ ပွဲ ဦးထွက်ခဲ့တဲ့ လူငယ်ဒါရိုက်တာ အာကာက ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။        ဒါရိုက်တာ အာကာရဲ့ တတိယမြောက်ရုပ်ရှင်အနေနဲ့ ရုံတင်ပြသသွားမယ့် ဒီကား ထဲမှာတော့ လူတွေမမြင်ဖူးတဲ့ Photo Shoot တွေရိုက်မယ်ဆိုပြီး မေမြို့ကိုရောက်လာခဲ့ တဲ့ လူငယ်လေးယောက်။ သူတို့တည်းခိုနေထိုင်တဲ့ အိမ်မှာတော့ ရှေးဟောင်းပစ္စည်းတွေ စုရတာ ဝါသနာပါတဲ့ အိမ်ရှင်ရှိနေပြီး အဲဒီပစ္စည်းတွေကို စမ်းသပ်ကြည့်လိုက်မိတဲ့အတွက် အသက်အန္တရာယ်နဲ့ ကြုံတွေ့ကြရချိန်မှာတော့ ဘာတွေဆက်ဖြစ်လာမလဲ၊ ဘယ်လိုတွေ ရင်ဆိုင်ကြရမလဲဆိုတာတွေကို သွေးပျက်ထိတ်လန့်စရာ လျှို့ဝက်သည်းဖိုဆန်ဆန် ဇာတ် လမ်းဇာတ်ကွက်တွေနဲ့ ရှုစားကြရမှာပဲ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ သရုပ်ဆောင်မင်းသား ဖြိုးငွေစိုး၊ ရဲနောင်၊ အိနြ္ဒာကျော်ဇင်၊ ကွယ် လွန်သွားပြီဖြစ်တဲ့ ဟာသသရုပ်ဆောင် အောင်ရဲထွေး၊ အလှမယ် ရွှေအိမ်စည်တို့က အဓိ ကသရုပ်ဆောင်တွေအနေနဲ့ ပါဝင်ထားကြတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဝင်ရောက် ကြည့်ရှုကြတဲ့ အကြိမ်ရေ ၂ သန်းခွဲကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ နိုဝင်ဘာလ ၁၈ ရက်နေ့က ရန်ကုန်မြို့၊ JCGV City Mall ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီကားကိုတော့ လာမယ့် နိုဝင်ဘာလ ၂၁ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါ တယ်။ Movie Crazy-DVB အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညတိုင်း ၇.၄၅ နာရီ၊ ၉.၁၅ နာရီတွေမှာ DVB TV channel ကနေ ပုံမှန်တင်ဆက်ပေးနေတာဖြစ်ပြီး မကြည့်ရှုလိုက်ရသူ တွေအတွက် ကြာသပတေးနေ့မနက် ၉.၁၅ နာရီ၊ နေ့လည် ၁၂.၄၅ နာရီ၊ ၃.၁၅ နာရီ၊ သောကြာနေ့ နေ့လည် ၂.၄၅ နာရီ၊ စနေနေ့ မနက် ၁၁.၄၅ နာရီနဲ့ တ နင်္လာနေ့မနက် ၉.၄၅ နာရီတို့မှာ ပြန်လည် ထုတ်လွှင့်ပြသပေးနေတာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ Movie Crazy တွေအတွက် နိုင်ငံတကာနဲ့ မြန်မာရုပ်ရှင်ကား တွေ အကြောင်းကို ကောင်းနိုးရာရာ ရွေးချယ်တင်ဆက်ပေးနေတာဖြစ်ပြီး Movie Crazy-DVB ဆိုတဲ့ Facebook စာမျက်နှာကနေတဆင့်လည်း Like, Share နဲ့ Comment တွေပေးပြီး တော့ အားပေးနိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024