DVB Logo
Home
မြန်မာသတင်း
ကချင်စစ်ရပ်စဲရေးနှင့် ဒုက္ခသည်များ အကူညီ ရရှိရေး ချင်းမိုင်တွင် ဆန္ဒပြ
DVB
·
January 25, 2013
ကချင်စစ်ရပ်စဲရေးနှင့် ဒုက္ခသည်များ အကူညီ ရရှိရေး ချင်းမိုင်တွင် ဆန္ဒပြ
1 / 2
Donate to DVB

ကချင်စစ်ပွဲ ရပ်စဲရေးနဲ့ ဒုက္ခသည်တွေ အကူအညီရရှိရေးအတွက် ချင်းမိုင်မြို့က ကချင်နဲ့ တခြားတိုင်းရင်းသားတွေစုရုံးပြီး တရုတ်ကောင်စစ်ဝန်ရုံးရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ကချင်စစ်ရပ်စဲဖို့နဲ့ တရုတ်-မြန်မာနယ်စပ် ပြည်တွင်းက ကချင်စစ်ပြေးဒုက္ခသည်တွေကို  ကူညီထောက်ပံ့မှုတွေပေးဖို့ လိုအပ်နေတဲ့အတွက်   ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (ယူအန်အိပ်ခ်ျ်စီအာရ်)က အကူအညီတွေကို တရုတ်နယ်စပ်ကနေ  ၀င်ရောက်ခွင့်ပြုဖို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရောက် ကချင်လူမျိုးတွေက တရုတ်အစိုးရကို ဆန္ဒပြ တောင်းဆိုလိုက်ပါတယ်။

ဆန္ဒပြရာမှာပါဝင်တဲ့  ကချင်လူငယ်ဖွံ့ဖြိုးရေး (နိုင်ငံရေး) အဖွဲ့က မဆိုင်းဇင်က “အဓိကက ယူအန်အိပ်ခ်ျစီအာရ်ကို ၀င်ခွင့်ပြုပြီး ဒုက္ခရောက်နေတဲ့ စစ်ပြေးဒုက္ခသည်တွေအတွက် အကူအညီပေးဖို့ တောင်းဆိုတယ်။ နောက် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုမှာ တရုတ်အစိုးရကနေ မြန်မာစစ်အစိုးရကို ဖိအားပေးဖို့ တောင်းဆိုတယ်။ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုမှာ မြန်မြန် action ယူပေးဖို့ တောင်းဆိုပါတယ်။”

သူတို့တောင်းဆိုချက်တွေကို တရုတ်ကောင်စစ်ဝန်ရုံး တာဝန်ရှိသူတွေက လာရောက် နားထောင်ပေးပြီး တရုတ်အစိုးရဆီ လိပ်မူပေးပို့တဲ့ တောင်းဆိုချက်တွေ လက်ခံရယူခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုမှာ တရုတ်အစိုးရနည်းတူ အမေရိကန်အစိုးရ ဟာလည်း အရေးပါတဲ့အတွက် ကချင်တိုင်းရင်းသားတွေဟာ ချင်းမိုင်မြို့က အမေရိကန်နိုင်ငံ ကောင်စစ်ဝန်ရုံးမှာလည်း သွားရောက် အရေးဆိုခဲ့တယ်လို့ မဆိုင်းဇင်က ဆက်ပြောပါတယ်။

“အမေရိကန်မှာဆိုရင် ဒုတိယကမ္ဘာစစ်မှာတုန်းက ဂျပန်အစိုးရကို 101 စစ်တပ်နဲ့အတူ ကျမတို့ ကချင်တွေ အမေရိကန်နဲ့ ပူးတွဲလုပ်ဆောင်ခဲ့တယ်။ အတူရှိခဲ့တယ်။ ကျမတို့ ဒုက္ခရောက်နေတဲ့အချိန်မှာ၊ လိုအပ်နေချိန်မှာ ကျမတို့နဲ့ထပ်တူရှိပြီး နိုင်ငံရေးပြုပြင် ပြောင်းလဲရေးမှာတော်တော်လေးသူတို့. အမေရိကန်နဲ့ တရုတ်နိုင်ငံတွေဟာ ကျမတို့အတွက် အရမ်းအရေးကြီးတဲ့ အစိုးရတွေဖြစ်တယ်။”

ဒီနေ့ပြုလုပ်ခဲ့တဲ့ ဆန္ဒထုတ်ဖော်ပွဲမှာ  ချင်းမိုင်ရောက်  ကချင်အဖွဲ့အစည်းတွေက အဖွဲ့ဝင်တွေ၊ ကချင်အလုပ်သမားတွေနဲ့ ထိုင်းနိုင်ငံသားတွေအပါအ၀င်   မြန်မာ့အရေးလှုပ်ရှားတဲ့ အဖွဲ့အစည်းတွေက လူပေါင်း ၁၀၀ ကျော် ပူးပေါင်းပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ- ကချင်အမျိုးသမီးအစည်းအရုံး(ထိုင်းနိုင်ငံ)

Read more

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013