Home
မြန်မာသတင်း
ယခုနှစ် ဘုရားဖူးရာသီတွင် ဇလုံတောင်သို့ ခရီးသည်ဝင်ရောက်မှုနည်းပါး
Aung Ko Latt
·
November 19, 2019
77397978_1167758116762515_4401134094373617664_o
77088189_1167757760095884_5232395044232626176_n
76184561_1167757173429276_4534216572322971648_n
75519324_1167757893429204_1940592805608947712_n
75361047_1167758026762524_2357128294572228608_n
75317358_1167757630095897_8892179248870064128_n
75299986_1167757606762566_4865248367753560064_n
73372186_1167757210095939_9052583336639201280_n
စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်၊ ဇလုံတောင်ဒေသကို အခုနှစ်အတွက် ဘုရားဖူးလမ်းဖွင့်လှစ်တာ တလလောက်ရှိပြီဖြစ်ပေမယ့်  ဘုရားဖူးခရီးသည်ဝင်ရောက်မှုမှာ သိသိသာသာ နည်းပါးနေပါသေးတယ်။  ဇလုံတောင်က ဗန်းမောက်မြို့နဲ့ ၁၆ မိုင်ခန့်အကွာမှာရှိပြီး   ဇလုံတောင် ဘုရားဖူးလမ်းကို ‌နိုဝင်ဘာလဆန်းလောက်ကတည်းက စတင်ဖွင့်လှစ်တာ ဖြစ်ပါတယ်။ ခမိုးကားကွင်းက ဈေးသည်တဦးက "လောလောဆယ်ကတော့ ဖွင့်ကာစလည်းဖြစ်တယ်။ ကျောင်းတွေကလည်းဖွင့်တုန်းဆိုတော့ သိပ်မလာကြသေးတာ။ ဒေသခံတွေကလည်း စပါးသိမ်းချိန်ဆိုတော့ မအားကြသေးဘူး။ ဈေးဆိုင်တွေ အကုန်မဖွင့်နိုင်ကြသေးဘူး။"လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ သီတင်းကျွတ်လပြည့်နဲ့ တန်ဆောင်မုန်းလပြည့်တွေမှာတော့ ဒေသတွင်း ဘုရားဖူးတွေကြောင့် စည်ကားခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ဈေးဆိုင်ခန်းတွေ ပြင်ဆင်နေဆဲဖြစ်သလို ဘုရားပတ်ဝန်းကျင်ကိုလည်း သန့်ရှင်းရေးတွေဆောင်ရွက်ထားပါတယ်။  ပြည်တွင်းဘုရားဖူးခရီးသည် ကိုမင်းအောင်က "မနှစ်ကလာတုန်းက လူတိုးလို့တောင် မပေါက်ဘူး။ ဘုရားပေါ်မှာ ထိုင်ပြီးတောင် ရှစ်ခိုးလို့ မရဘူး။ အဲဒီအချိန်တုန်းကတော့ ကျောင်းပိတ်ရက်ဆိုတော့ ဘုရားဖူးလည်းပေါတယ်လေ။ အခုကတော့ စောသေးလို့နေမှာ ကိုယ့်အဖွဲ့ကလွဲလို့ ကျန်တဲ့ဘုရားဖူး သိပ်မတွေ့ရဘူး။"လို့ ပြောပါတယ်။ ဇလုံတောင်ဒေသကို တိုင်းအစိုးရရဲ့ မူဝါဒတွေထဲက တခုဖြစ်တဲ့ ဒေသတွင်း ခရီးသွားကဏ္ဍ မြှင့်တင်ရေးအတွက် ၂၀၁၆ ခုနှစ်ကစတင်ကာ ကားလမ်းဖောက်လုပ်ခဲ့တာဖြစ်ပြီး ခရီးသွားကဏ္ဍ တိုးတက်အောင်၊ ဒေသခံတွေအလုပ်အကိုင်အခွင့်အလမ်းရရှိအောင် အစိုးရက ဆောင်ရွက်နေတာ ဖြစ်ပါတယ်။  ဇလုံတောင်ဒေသမှာ ဇလုံတောင်ဘုရား၊ ကျောက်မဏ္ဍပ် စတာတွေအပြင် ဆင်စခန်း၊ CBT တွေကိုလည်း ဖွင့်လှစ်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024