Home
သတင်းဓာတ်ပုံ
ပိုလန်တွင်ကျင်းပသည့် Miss Supranational ပြိုင်ပွဲ၌ အလှမယ် အိမ့်မျက်ခြယ်ဝင်ရောက်ယှဉ်ပြိုင် (ဓာတ်ပုံ)
DVB
·
November 19, 2019
76900412_2552521148188268_2011876768662683648_o
76751736_102426974563798_1484961208602722304_n
76171097_975712146122669_6412916721648140288_o
75394234_211921143135029_2604209555428605952_o
75100188_975712036122680_1518419325961109504_o
74889373_975712069456010_8257642120588820480_o
74604712_975712232789327_6045100279379001344_o
69858333_149705569743037_1207664436207157248_o
ပိုလန်နိုင်ငံမှာ ကျင်းပမယ့် Miss Supranational 2019 အလှမယ်ပြိုင်ပွဲမှာ ဝင် ရောက်ယှဉ်ပြိုင်ဖို့ မြန်မာနိုင်ငံကိုယ်စားပြုအလှမယ် အိမ့်မျက်ခြယ်ဟာ မနေ့က လေ ကြောင်းလိုင်းနဲ့ ထွက်ခွာသွားပါတယ်။ အသက် ၂၆ နှစ်အရွယ် အလှမယ်ဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်တုန်းကလည်း Miss Earth Myanmar အလှမယ်သရဖူကို ဆွတ်ခူးရရှိထားခဲ့သူ ဖြစ်ပါတယ်။        အခုကျင်းပမယ့် Miss Supranational 2019 အလှမယ်ပြိုင်ပွဲကိုတော့ နိုဝင်ဘာလ  ၁၈ ရက်နေ့ကနေ ဒီဇင်ဘာလ ၆ ရက်နေ့အထိ ကျင်းပနေတာ ဖြစ်ပါတယ်။        အလှမယ် Pageant ပြိုင်ပွဲတွေထဲမှာ ထင်ရှားတဲ့ ပြိုင်ပွဲတခုဖြစ်တဲ့ ဒီပြိုင်ပွဲကို မြန် မာနိုင်ငံကိုယ်စားပြုအလှမယ်တွေအဖြစ် ၂၀၁၃ ခုနှစ်မှာ အလှမယ် ခင်ဝင့်ဝါ၊ ၂၀၁၄ ခုနှစ်မှာ အလှမယ် ဟန်သီ၊ ၂၀၁၅ ခုနှစ်မှာ အလှမယ် L ဘောက်နူး၊ ၂၀၁၆ ခုနှစ်မှာ အလှမယ် ဆွေဇင်ထက်၊ ၂၀၁၇ ခုနှစ်မှာ အလှမယ် ရွှေမှူးဟန်နဲ့ ပြီးခဲ့တဲ့ ၂၀၁၈ ခု နှစ်မှာတော့ အလှမယ် ရွှေအိမ်စည်တို့က သွားရောက်ယှဉ်ပြိုင်ခဲ့ကြတာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024