ကညွတ်ကွင်းမြို့၌ ယာဉ်တိုက်မှုဖြစ်ပွားပြီး ယာဉ်မောင်းသူ ၁ ဦး သေဆုံး
DVB
·
November 18, 2019
ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့ ရန်ကုန် -မန္တလေးကားလမ်းဟောင်း မိုင်တိုင်အမှတ် ၁၃၃/၂ အနီးမှာ နိုဝင်ဘာ ၁၇ ရက် ညပိုင်းက ယာဉ်မတော်တဆဖြစ်လို့ ယာဉ်မောင်း တဦး အခင်းဖြစ်နေရာမှာ သေဆုံးခဲ့တယ်လို့ ကညွတ်ကွင်နယ်မြေ ရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူ တဦးက ပြောပါတယ်။
ဖြူးမြို့ဘက်မှ ကညွတ်ကွင်းမြို့ဘက်သို့ ဖရဲသီးတွေတင်လာပြီး ယာဉ်မောင်း စိုးစိုးအောင် မောင်းနှင်လာတဲ့ ၁၂ ဘီးယာဉ်က ယာဉ်မောင်းအိပ်ငိုက်ကာ ရှေ့ကမောင်းနှင်နေတဲ့ ၁၈ ဘီးယာဉ်ရဲ့ နောက်ပိုင်းကို ဝင်တိုက်ခဲ့ရာမှာ ယာဉ်မောင်းရဲ့ ခါးအောက်ပိုင်းကြေမွဒဏ်ရာရရှိပြီး အခင်းဖြစ်နေရာမှာ သေဆုံးခဲ့တာပါ။
"အဓိကကတော့ အလေးချိန်များတာရယ် ယာဉ်မောင်းအိပ်ငိုက်တာရယ်ကြောင့် ဖြစ်သွားတာပါ။ နောက်က ဝင်တိုက်ခဲ့တာပါ။ ယာဉ်မောင်းကတော့ အခင်းဖြစ်နေရာမှာတင် ဆုံးသွားတယ်။ အခု လက်ရှိတော့ စစ်ဆေးမှုတွေ လုပ်နေပါတယ်"လို့ ကညွတ်ကွင်းနယ်မြေ ရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူ တဦးက ပြောပါတယ်ေ
အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး ၁၂ ဘီးယာဉ်မောင်းစိုးစိုးအောင် (ရွှေဘိုမြို့)နေသူကို ကညွတ်ကွင်းနယ်မြေ ရဲတပ်ဖွဲ့စခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၄-ကနဲ့ အမှုဖွင့် အရေးယူ ထားပါတယ်။
ကျော်အောင်(ကညွတ်ကွင်း)