DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်နယ်စပ်က  ပြန်ဝင်လာသူများကို ကုလအထူးကိုယ်စားလှယ် တံခါးပိတ်တွေ့ဆုံ
DVB
·
November 18, 2019
ဘင်္ဂလားဒေ့ရှ်နယ်စပ်က  ပြန်ဝင်လာသူများကို ကုလအထူးကိုယ်စားလှယ် တံခါးပိတ်တွေ့ဆုံ
1 / 5
Donate to DVB

၂၀၁၇ အကြမ်းဖက်ဖြစ်စဉ်တွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာသွားပြီးနောက် မြန်မာနို်ငငံကို မိမိဆန္ဒအလျှောက်ပြန်လည်၀င်ရောက်လာတဲ့ မိသားစုတွေကို ကုလသမဂ္ဂ အထူးကိုယ်စားလှယ်  မစ္စခရစ္စတင်းရွှာနာဘာဂီနာက တွေ့ဆုံပါတယ်။ 

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စခရစ္စတင်းရွှာနာဘာဂီနာ ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့က ဒီမနက် မောင်တောမြို့သို့ ရောက်ရှိလာခဲ့ပြီးမောင်တောခရိုင် အထွေထွေအုပ်ချုပ်​ရေးဦးစီးဌာန အစည်းအဝေးခန်းမမှာ သီးသန့် တံခါးပိတ်တွေ့ဆုံခဲ့တာပါ။

အထူးကိုယ်စားလှယ်နဲ့အတူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးစိုးအောင်နဲ့ တာဝန်ရှိသူတွေလည်း လိုက်ပါလာကြပြီး ကုလအ ထူးကိုယ်စားလှယ်နဲ့အဖွဲ့ဟာ အာတာအာလောင် တောင်ပြိုလက်ယာ အုပ်ချုပ်ရေးမှူးဟောင်း အာတာအာလောင် အပါအဝင် ဟိန္ဒူ၊ အစ္စလာမ်နဲ့ ဗုဒ္ဓဘာသာဝင် ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ 

အထူးကိုယ်စားလှယ်နဲ့ အဖွဲ့ဟာ နိုဝင်ဘာ ၁၇ ရက်က ရန်ကုန်ကနေ စစ်တွေမြို့သို့ ရောက်ရှိလာပြီး ဒီကနေ့ မောင်တောမြို့နဲ့ ပေါက်တောမြို့တွေကို သွားရောက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ နိုင်ငံခေါင်းဆောင်တွေကို  နိုင်ငံတကာတရားရုံးတွေမှာ လူမျိုးသုဉ်း သတ်ဖြတ်မှု စွပ်စွဲချက်တွေနဲ့ စွပ်စွဲပြီး တရားစွဲနေချိန်မှာ  ကုလသမဂ္ဂ အထူးကိုယ်စားလှယ်နဲ့အဖွဲ့ မြန်မာနိုင်ငံကို ရောက်ရှိနေတာဖြစ်ပြီး ရခိုင်ပြည်နယ်ကို ၇ ကြိမ်မြောက် ရောက်ရှိလာတာပါ။

ကောင်းကောင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013