DVB Logo
Home
မြန်မာသတင်း
အစိုးရနှင့် ကေအိုင်အေအကြား ညှိနှိုင်းပေးမည့်အဖွဲ့ ပေါ်ပေါက်ရေးအဆို ဆွေးနွေး
DVB
·
January 24, 2013
Donate to DVB

ဒါ့အပြင် ဒီနေ့ ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ကချင်ပြည်နယ် အမျိုးသားလွှတ်တော်အမတ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးအတွက် အစိုးရနဲ့ ကေအိုင်အေ နှစ်ဖက်လက်ခံနိုင်တဲ့ အင်အားကြီးတဲ့ ကြားခံ အဖွဲ့အစည်းတခု ပေါ်ပေါက်ဖို့ တင်သွင်းထားတဲ့အဆိုကို ဆွေးနွေးကြတယ်လို့ မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်အမတ် ဦးအောင်ကြည်ညွန့်က ဒီဗွီဘီကို ပြောပါတယ်။

“သီးခြားလွတ်လပ်တဲ့အဖွဲ့အစည်း၊ နှစ်ဖက်လုံးကို ပြောဆိုပြီးနိုင်တဲ့အဖွဲ့အစည်းနဲ့ အချက် ၃ ချက်ပါတဲ့ အနေအထားနဲ့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်းအဆိုတင်တယ်။ အဓိက အချက် ၃ ချက်မှာ နံပါတ် ၁ က ကချင်ရဲ့ထာဝရငြိမ်းချမ်းရေးရရှိနိုင်ဖို့အတွက် နိုင်ငံတော်အဆင့်အမိအဖများ၊ ပြည်ထောင်စုလွှတ်တော်မှ အားကိုးအားထား အားထိုက်သူများ၊ လူထုမှ တိုင်းရင်းသားခေါင်းဆောင်ကြီးများပါဝင်သော ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ သို့မဟုတ် စေ့စပ်ညှိနှိုင်းဆောင်ရွက်ပေးရေးအဖွဲ့ သို့မဟုတ် ပြည်ထောင်စုလွှတ်တော်ကပါဝင်လက်တွဲ ဆောင်ရွက်ကူညီရန် လွှတ်တော်သို့တင်ပြခြင်း။ အပိုင်း ၂ က ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြန်မာ့တပ်မတော်နဲ့ ကေအိုင်အေ နှစ်ဖက်တပ်များ တိုက်ပွဲရပ်စဲရေး။ နံပါတ် ၃ က လွှတ်တော်က ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ရှောင်ဒုက္ခသည်များအတွက် အတတ်နိုင်ဆုံး ကူညီပံ့ပိုးနိုင်ရန် ဆိုသော အဆိုတို့ကို ဥက္ကဋ္ဌကြီးကနေတဆင့် လွှတ်တော်ကို ယုံကြည်အားကိုးစွာနဲ့ တင်သွင်းပါတယ်ဆိုပြီး တင်ထားတယ်။”

ကချင်ပြည်နယ် ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး အမျိုးသားလွှတ်တော်အမတ် ၁၆ ဦးက ဆွေးနွေးရာမှာ တပ်မတော်သားအမတ် ၂ ဦးလည်းပါဝင်ပြီး တပ်မတော်သားအမတ်တွေ ဆွေးနွေးခဲ့ပုံကိုလည်း အခုလို ပြောပါတယ်။

“တပ်မတော်ဘက်က တကယ်တမ်း အသက်သွေးနဲ့ရင်းပြီး တိုက်နေရတဲ့ တပ်မတော်သားများက ငြိမ်းချမ်းရေးကို တကယ်လိုလားကြပါတယ်။ တကယ်တမ်း ဘာလို့တိုက်နေကြလဲဆိုတော့ သမ္မတကြီး အရင်ပြောပြီးနောက်ပိုင်းကျမှ၊ ထိုးစစ်ဆင်မှုတွေမလုပ်နဲ့လို့ ပြောပြီး နောက်မှ ကေအိုင်အေ၊ကေအိုင်အိုတွေက ဘာတွေ ဘယ်နေရာမှာလုပ်လာပါတယ်၊ ၁၉ ရက်နေ့ တဖတ်သက်အပစ်ရပ်စဲရေး သမ္မတကြီး ကြေညာပြီးနောက်ပိုင်းမှာ စစ်ရေးနဲ့မသက်ဆိုင်တဲ့နေရာတွေမှာ ဘယ်လိုတွေလုပ်ခဲ့တယ်၊ ဆောင်ရွက်ခဲ့ပါတယ်။ ဒါကြောင့်မို့သာ သူတို့ရင်ဆိုင်နေရတယ်ဆိုတာမျိုးတွေ ဆွေးနွေးကြတယ်။ အဓိကကတော့ တိုက်ခိုက်နေရတဲ့အနေအထားဆိုပေမယ့် ငြိမ်းချမ်းရေးလိုလားတယ်။ ဒါပေမယ့် တဖက်တည်း အပစ်ရပ်စဲလို့မရနိုင်ဘဲ နှစ်ဖက်ရပ်ဆိုင်းဖို့ လိုတယ်ဆိုတာမျိုး ဆွေးနွေးကြတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013