DVB Logo
Home
မြန်မာသတင်း
ဆက်သွယ်ရေးဝန်ကြီးဌာနကို စုံစမ်းစစ်ဆေးနေ
DVB
·
January 24, 2013
Donate to DVB

ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနကို   စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတဲ့ အကြောင်း မြန်မာအစိုးရ ပြန်ကြားရေးဝန်ကြီးဌာနက  အတည်ပြု ပြောကြားလိုက်ပါတယ်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အရာရှိတွေကို အထူးစုံစမ်းစစ်ရေးအဖွဲ့က  လာဘ်စားမှုနဲ့ ခေါ်ယူစစ်ဆေးမှုတွေပြုလုပ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့အပေါ် အစိုးရပြန်ကြားရေးဝန်ကြီးဌာနက တုံ့ပြန်ပြောကြားလိုက်တာပါ။

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဒု-၀န်ကြီး ဦးရဲထွဋ်က ဒီသတင်းကို အတည်ပြုပြောဆိုပေမယ့် အသေးစိတ် ဖြေကြားခြင်းတော့ မရှိပါဘူး။

“မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနဲ့ ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှာ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတာ မှန်ပါတယ်။ အသေးစိတ်အချက်အလက်ကတော့ စုံစမ်းဆဲကိစ္စဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ ထုတ်ပြောလို့ မရသေးပါဘူး။ လူအရေအတွက်တို့၊ နာမည်တို့၊ ဘယ်သူတွေက စုံစမ်းနေတယ်ဆိုတဲ့ ကိစ္စတွေပေါ့။”

အေအက်ဖ်ပီသတင်းတပုဒ်မှာတော့ ဆက်သွယ်ရေးဝန်ကြီးဌာနက အရာရှိ ၂၀ လောက် နေပြည်တော်မှာ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ (စသုံးလုံး) ရဲ့ ခေါ်ယူစစ်ဆေးခံခဲ့တဲ့အကြောင်း သက်သေအထောက်အထား အခိုင်အမာရတယ်ဆိုရင်   ပြီးခဲ့တဲ့ သီတင်းပတ်က တာဝန်က အနားယူသွားတဲ့  ဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးသိန်းထွန်းလည်း ခေါ်ယူစစ်ဆေးခံရနိုင်တယ်လို့ အမည်မဖော်လိုတဲ့ အစိုးရတာဝန်ရှိသူတဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီးရေးပါတယ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က  အကျင့်ပျက်လာဘ်စားမှုတွေကို ထိထိရောက်ရောက် အရေးယူမယ်လို့ မိန့်ခွန်းတွေမှာ ထုတ်ဖော်ပြောကြားထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013