မဟာမုနိဘုရားတွင် ပထမဆုံးအကြိမ် ပန်းမွေ့ရာလှူဒါန်းပူဇော် (ဓာတ်ပုံ)
DVB
·
November 18, 2019
ပန်းတွေနဲ့ဖန်တီးပုံဖော်ထားတဲ့ ပန်းစေတီနဲ့ သာသနာ့အလံတို့ကို မန္တလေးမြို့ရှိ မဟာမုနိ ရုပ်ရှင်တော်မှာ မနေ့က ကပ်လှူပူဇော်ပါတယ်။
ရန်ကုန်မြို့ရှိ Strategy First ကျောင်းက ဆရာ ဆရာမတွေ၊ ကျောင်းသားကျောင်းသူတွေ၊ ဝန်ထမ်းတွေနဲ့ အလှူရှင်တွေက ပူးပေါင်းပြုလုပ်တာဖြစ်ပြီး ဆီးမီး ၁၁၀၀၀ ကိုလည်း နိုဝင်ဘာ ၁၇ နဲ့ ၁၈ ရက်မှာ ကပ်လှူဖို့ရှိပါတယ်။
အလားတူ ပန်းမွေ့ကပ်လှူပူဇော်ပွဲကို ရန်ကုန်ရှိ ရွှေတိဂုံဘုရားမှာ ပထမအကြိမ်၊ မွန်ပြည်နယ်ရှိ ကျိုက်ထီးရိုးဘုရားမှာ ဒုတိယအကြိမ် ပြုလုပ်ခဲ့ဖူးပါတယ်။
Photo - Min Sit Naing / MPA