Home
မြန်မာသတင်း
သီပေါမြို့တွင် ဆက်သွယ်ရေး တာဝါတိုင်တခု မီးရှို့ဖျက်ဆီးခံရ
DVB
·
November 17, 2019
ရှမ်းပြည်နယ် သီပေါမြို့မှာ မနေ့မွန်းလွဲပိုင်းက ဆက်သွယ်ရေး တာဝါတိုင်တခု မီးရှို့ဖျက်ဆီးခံရတယ်လို့ သိရပါတယ်။ သီပေါမြို့ တောင်မြို့ရပ်ကွက်၊ လယ်ကွင်း အတွင်းရှိ MPT ဆက်သွယ်ရေးဌာနမှ Elite ဆက်သွယ်ရေးကုမ္ပဏီကို အငှားချထားသည့် ဆက်သွယ်ရေး တာဝါတိုင်အမှတ် SHN 00060 မှာ နိုဝင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲလောက်က မီးလောင်မှု ဖြစ်ပွားနေကြောင်း သတင်းအရ သီပေါမြို့နယ် ရဲတပ်ဖွဲ့နဲ့ မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်းပြီး သွားရောက် ငြှိမ်းသတ်ခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။ မီးလောင်မှုကြောင့် တယ်လီဖုန်းဆက်သွယ်ရေးကိရိယာတွေ တပ်ဆင်ထားတဲ့ ထပ်ဆင့် လွှင့်စက် BTS Box အောက်ခြေမှာ မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ အခင်းဖြစ်ရပ်အား စစ်ဆေးရာ ဓာတ်ဆီနဲ့ ဒီဇယ်ဆီရောလျက် ၂ လက်မခန့်ကျန်ရှိတဲ့ ၁၀ လီတာဆံ့ အဝါရောင်ပုံး ၁ လုံး၊ ဂတ်စ်မီးခြစ် ၁ လုံးတို့အား တွေ့ရှိခဲ့ပြီး ZTE ဂျင်နရေတာ မီးစက်အောက်ခြေနဲ့ BTS Box မှ တာဝါတိုင်ကို ဆက်သွယ်ထားတဲ့ ဝါယာကြိုးခွေအား ဓာတ်ဆီ/ဒီဇယ်တွေ ပက်ဖျန်းထားတာ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ မီးရှို့ ဖျက်ဆီးသူ (စိစစ်ဆဲ)အား သီပေါမြို့မရဲစခန်း (ပ)၁၃၅/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၄၃၆ (မီးရှို့မှု) နဲ့ အမှုဖွင့် စုံစမ်းနေတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024