Home
မြန်မာသတင်း
အမုန်းစကားများနှင့် ပတ်သက်ပြီး လက်ဖက်ရည်စကားဝိုင်း ကျင်းပ 
DVB
·
November 17, 2019
DSC07539
DSC07548
DSC07537
DSC07511
DSC07531
DSC07515
DSC07556
DSC07510
DSC07496
မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အွန်လိုင်းပေါ်မှ အမုန်းစကားတွေနဲ့ ပတ်သက်ပြီး လက်ဖက်ရည်စကားဝိုင်းကို နိုဝင်ဘာ ၁၆ ရက်နေ့ နေ့လယ်ပိုင်းက ရန်ကုန်မြို့ရှိ ဝန်ကြီးများရုံးမှာ ပြုလုပ်ခဲ့ပါတယ်။ အမုန်းစကားများဖြစ်ပေါ်လာရတဲ့ နောက်ကွယ်မှ ယဉ်ကျေးမှု အခြေခံအကြောင်းအရင်းတွေ၊ အဘယ်ကြောင့ေ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိရတဲ့ အကြောင်းနဲ့ ရန်မူသော ရန်လိုသောသူများထံမှ မိမိကိုယ်ကိုယ် ကာကွယ်နိုင်ဖို့ နည်းလမ်းတွေ၊ ကိရိယာတွေအကြောင်းကို ဆွေးနွေးခဲ့ကြပါတယ်။
စကားဝိုင်းမှာ ပါဝင်ဆွေးနွေးတဲ့ ပညာရှင်တွေကတော့ Myanmar ICT for Development Organization မှ ဒေါ်ထိုက်ထိုက်အောင်၊ PEN Myanmar မှ ဦးဟန်ဇော်၊ GandaWin မှ Lach Baniya၊ MMC Group မှ ဒေါ်ချောခင်ခင်တို့ ဖြစ်ပါတယ်။ ဒီစကားဝိုင်းကို Geek Girls Myanmar တည်ထောင်သူ၊ Digital Kaway ရဲ့ CEO ဖြစ်သူ ဒေါ်စန္ဒီစိန်သိမ်းက သဘာပတိအဖြစ် ပါဝင်ခဲ့ပါတယ်။
အွန်လိုင်းပေါ်ရှိ ကြင်နာမှုနဲ့ ကိုယ်ချင်းစာတရားတို့ကို လေ့လာဖော်ထုတ်ဖို့ ပညာပေး အနုပညာပြပွဲတခုဖြစ်တဲ့ စကားအလှကုထုံးပြပွဲကို ပြည်သူလူထု လာရောက်ကြည့်ရှုနိုင်ဖို့ နိုဝင်ဘာလ ၁ ရက်နေ့မှ ၁၇ ရက်အထိ ဝန်ကြီးများရုံးမှာ ဖွင့်လှစ်ပြသနေပါတယ်။ လက်ဖက်ရည်စကားဝိုင်း ဆိုသည်မှာ Geek Girls Myanmar နဲ့ လူမှုရပ်ဝန်း ပြောင်းလဲတိုးတက်ရေး အေဂျင်စီဖြစ်တဲ့ Love Frankie တို့မှ Facebook နဲ ပူးပေါင်း စီစဉ်တင်ဆက်တဲ့ စီးရီး အစီအစဉ်တခု ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024