DVB

Eng
TV News
  • သတင်း
    • ဓာတ်ပုံ
    • နိုင်ငံရေး
    • ရွေးကောက်ပွဲ
      • ၂၀၁၅ ရွေးကောက်ပွဲ
    • စီးပွားရေး
    • နည်းပညာ
    • ကျန်းမာရေး
    • ပညာရေး
    • လူမှုရေး
    • ဘာသာရေး
    • စစ်ရေး
    • အနုပညာ
    • မှုခင်း
    • အားကစား
    • သဘာဝပတ်ဝန်းကျင်/ရာသီဥတု
    • သတင်းမီဒီယာ
    • လယ်သမား
    • အလုပ်သမား
    • နိုင်ငံတကာ
    • တိုင်းရင်းသားရေးရာ
  • ဆောင်းပါး
    • သုံးသပ်ချက်
    • အာရွ​ေဒသ
  • အယ်ဒီတာအာဘော်
  • မေးမြန်းခန်း
  • ရင်ဖွင့်စာ
  • ငြိမ်းချမ်းရေး
  • ရွေးကောက်ပွဲ
DVB

Lead Story နိုင်ငံရေး သတင်း

မြန်မာနိုင်ငံအရှေ့တောင်ပိုင်းတွင် လူ့အခွင့်အရေးချိုးဖောက်မှု ရှိနေဆဲဟု KHRG ထုတ်ပြန်

  • By နော်နိုရင်း
  • 15 November 2019
  • Print
  • Email
    • Tweet

Email This Story :

  • Send Story

ကရင်အမျိုးသားအစည်းအရုံးက တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီမှု စာချုပ် (NCA) ကို လက်မှတ်ထိုးပြီးနောက်ပိုင်း မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသတွေမှာ အပေါင်းလက္ခဏာဆောင်တဲ့  အပြောင်းအလဲ အချို့ဖြစ်ပေါ်စေခဲ့ပေမယ့် လူ့အခွင့်အရေးချိုးဖောက်မှု တွေ ဆက်ရှိနေဆဲပဲလို့ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG)က ထုတ်ပြန်ပါတယ်။

‘လက်လှမ်းမမှီနိုင်သေးသော အမှန်တရားများ’ ဆိုတဲ့အစီရင်ခံစာတစောင်ကို ဒီကနေ့ ထုတ်ပြန်ဖော်ပြလိုက်တာပါ။

အတိတ်ကာလက လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ ဒေသခံတွေရဲ့ နေစဉ်ဘ၀ကို သက်ရောက်မှုတွေ ရှိနေဆဲဖြစ်သလို အပစ်ခတ်ရပ်စဲပြီးနောက်ပိုင်းမှာလည်း လူ့အခွင့်အရေး ချိုးဖောက်မှုအသစ်တွေ ရှိနေတယ်လို့ ဆိုပါပါတယ်။

ဒီလူ့အခွင့်အရေးချိုးဖောက်မှုအသစ်တွေဟာ ဒေသခံပြည်သူလူထုရဲ့ အကျိုးစီးပွားကိုပါ ထပ်လောင်းထိခိုက်မှုတွေ ရှိစေတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ရဲ့ ညွန်ကြားရေးမှူး နော်ထူးထူး က ပြောပါတယ်။

“လူ့အခွင့်အရေးချိုးဖောက်မှုအသစ်ဆိုတာကတော့ မြေယာသိမ်းမှုကိစ္စပေါ့နော်။ မြေယာ မတရားသိမ်းတဲ့ကိစ္စတွေ တော်တော်များများဖြစ်တယ်ပေါ့။ ဒေသခံရွာသားတွေပြောပြတာက အရင် ပဋိပက္ခအချိန်တုန်းက လူ့အခွင့်အရေးချိုးဖောက်မှုဆိုတာက တိုက်ပွဲဖြစ်ကြတယ်။ ရွာသားတွေ အသတ်ခံရတယ်။ အမျိုးသမီးတွေ မုဒိမ်းကျင့်ခံရတာ။ ဒါက ပဋိပက္ခဖြစ်တဲ့အချိန် ဖြစ်တဲ့ပြဿနာ ပေါ့နော်။ ဒီ ၂၀၁၂ နောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်မှုကျတော့ အခုနကိစ္စတွေက နည်းလာတယ်။ ဒါပေမယ့် မြေယာသိမ်းမှုကိစ္စတွေက များလာတယ်။ လမ်းဖောက်လုပ်တာတွေ၊ ရေတမံဆောက်တာတွေကြောင့် မြေယာပျက်စီးမှုတွေများတယ်။ ပြီးလို့ရှိရင် သယံဇာတ တူးဖော်တာတွေပေါ့နော်။ ကျောက်၊ သတ္တု၊ ရွှေတူးတာတွေကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ တော်တော်များတယ်ပေါ့နော်။ ”

ဒီလိုချိုးဖောက်မှုတွေကို ပုဂ္ဂလိကကုမ္ပဏီတွေနဲ့ တပ်မတော်အပါအဝင်  လက်နက်ကိုင် အဖွဲ့အစည်းတွေက ချိုးဖောက်နေပြီး ဒေသခံတွေအနေနဲ့ တရားစီရင်မှုအပိုင်းမှာ တိုင်ကြားရင်လည်း တရားမျှတမှု မရရှိကြဘူးလို့လည်း ပြောပါတယ်။

“မြေယာသိမ်းဆည်းတဲ့ကိစ္စတွေရော၊ မြေယာသိမ်းဆည်းမှုမဟုတ်တဲ့ တခြားလူ့အခွင့်အရေး ချိုးဖောက်မှု ကိစ္စတွေရော ရှိတယ်လေ။ အဲဒီမှာ ၂ ပိုင်းရေးထားတာက ၂၀၁၂ ပဏာမ အပစ်ခတ်ရပ်စဲရေး မတိုင်ခင် ချိုးဖောက်တဲ့ လူ့အခွင့်အရေးတောင်မှ တရားစီရင်ရေး၊ တရားမျှတမှု ကောင်းကောင်း မရကြဘူးပေါ့နော်။ နောက်ပြီး အခုနက ပြောင်းလဲလာတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုအသစ်တွေဆိုရင်လည်း မျှတတဲ့ တရားစီရင်မှုမရကြရုံမက ဘာအခက်အခဲရှိလဲဆိုရင် ချိုးဖောက်တဲ့လူတွေက လက်နက်ရှိတယ်၊ အာဏာရှိတယ်ဆိုတော့ သူတို့မတိုင်ရဲဘူး။ နောက်တခုက တရားစီရင်ရေးအပိုင်းမှာ လွတ်လပ်မှုမရှိဘူး။ ”

ဒါ့အပြင် မြေယာသိမ်းဆည်းခံရတဲ့ ဒေသခံတွေအနေနဲ့ တရားရင်ဆိုင်ရပြီဆိုရင် ရှေ့နေမငှားနိုင်တာ၊ တရားရုံး ကြန့်ကြာတာတွေကြောင့် တရားရုံး သွားလာစရိတ်မတတ်နိုင်တာ စတဲ့အခက်အခဲတွေကြောင့်လည်း အမှန်တရားအတွက် လက်လှမ်းမမီနိုင်တဲ့အနေအထားမှာ ရှိတယ်လို့ ဆိုပါတယ်။

ဒီအစီရင်ခံစာကို လက်ရှိ ကေအန်ယူထိန်းချုပ်နယ်မြေအပြင် ကေအန်ယူနဲ့အစိုးရ ရောယှက် နေတဲ့ နေရာတွေက ဒေသခံ ၉၅ ဦးရဲ့ အမြင်သဘောထားကို စုစည်းဖော်ပြထားတာဖြစ်ပါတယ်။

အပစ်ခတ်ရပ်စဲပြီးနောက်ပိုင်းမှာလည်း အစိုးရတပ်ဘက်က သူတို့ရဲ့တပ်တွေကို တိုးချဲ့ လာတာတွေအပြင် စခန်းဟောင်းတွေကို ပြုပြင်မွန်းမံတာတွေနဲ့ တပ်တွေတိုးချဲ့ပြီး လက်နက်ခဲယမ်း တွေ တိုးချဲ့တဲ့အတွက် ဒေသခံတွေ စိုးရိမ်ထိတ်လန့်နေရဆဲဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါ့အကြောင့် နှစ်ဖက်တပ်တွေအနေနဲ့ အန်စီအေ စာချုပ်ပါအချက်တွေကို လေးစားလိုက်နာဖို့၊ အရပ်သားတွေကို ပစ်မှတ်ထားပြီး တရားလက်လွတ်သတ်ဖြတ်တာ၊ မြေယာသိမ်းဆည်းတာ အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မျုတွေကို ရပ်တန့်ပေးဖို့၊ အရပ်သားတွေနေထိုင်တဲ့ ဒေသတွေမှာ စစ်ဘက်ဆိုင်ရာ အဆောက်အဦတွေ ဖယ်ရှားပေးဖို့ အပါအ၀င် အချက် ၁၀ ချက်ကျော်ကို အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို တောင်းဆိုထားပါတယ်။

Tags: မြန်မာနိုင်ငံအရှေ့တောင်ပိုင်းတွင် လူ့အခွင့်အရေးချိုးဖောက်မှု ရှိနေဆဲဟု KHRG ထုတ်ပြန်

  • Previous story ဂါဇာဒေသစစ်ဆင်ရေး အဆုံးသတ်ရန် နီးကပ်နေပြီဟု အစ္စရေးပြော
  • Next story မြန်မာနိုင်ငံကို အိုင်စီစီတရားရုံးက  စတင်စုံစမ်းစစ်ဆေးခွင့်ပြု
  • Facebook

    Facebook

    Jobs at DVB

    Ethnic

    သုတကေဖး

    DVB SMS

  • သတင်းဓာတ်ပုံ

    • gallery

      ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ် သိပ္ပံပွဲခင်းကျင်းပနေ

  • DVBSatellite

    DVB LAW LAB

    Movie Crazy

    Talk to DVB

  • Most Popular

    • Viewed
    • Comments
    • Recent
    • 01 ဂျီနိုစိုက်အရေး အဖြေရှာတွေ့ပြီ 
    • 02 ICJ တရားရုံးတွင် ပါမောက္ခ မစ္စ ဖိုဘီအိုကိုဝါ၏ ထွက်ဆိုချက်
    • 03 ဝီဂါကလေးများကို အကြမ်းဖက်တိုက်ခိုက်နည်း သင်တန်းပေး (ရုပ်သံ)
    • 04 လူမျိုးတုံးသတ်ဖြတ်ခြင်းမရှိဟု ICJ တရားရုံး၌ ဒေါ်အောင်ဆန်းစုကြည် လျှောက်လဲ
    • 05 ကြားဖြတ်တားဆီးမိန့်ချမှတ်ပေးရန်  ICJ ထံ ဂမ်ဘီယာနိုင်ငံ၏ ပန်ကြားချက် (၅) ချက် 
    • 01 ရင်ဖွင့်စာ
    • 02 အက်သလက်တီကိုက ကွင်းလယ်လူ ဆာအူးလ်အတွက် ပြောင်းရွှေ့ကြေးသတ်မှတ်
    • 03 မီးရှို့သတ်ခံရသည့် အမျိုးသမီးအရေး နယူးဒေလီတွင် ချီတက်ဆန္ဒပြ
    • 04 ရသေ့တောင်တွင် တပ်မတော်နှင့်အေအေ နှစ်ရက်ဆက် တိုက်ပွဲပြင်းထန်၊ ဒေသခံများ ထွက်ပြေး
    • 05 နယူးဇီလန်တောင်ပိုင်း အရေးပေါ်အခြေအနေ ထုတ်ပြန်၊ ကမ်းပါးတခု ကြောက်မက်ဖွယ်ပြိုကျ (ရုပ်သံ)
    • 01 အက်သလက်တီကိုက ကွင်းလယ်လူ ဆာအူးလ်အတွက် ပြောင်းရွှေ့ကြေးသတ်မှတ်
    • 02 White Island ကျွန်း မီးတောင်ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၁၅ ဦးရှိပြီ
    • 03 ယူနိုက်တက်အသင်း လူငယ်ကစားသမားများနှင့် ဆုဖလားရရန် လုပ်မည်ဟု တွန်မီနေးပြော
    • 04 မလေးရှားဝန်ကြီးချုပ်ကို ကာတာတက္ကသိုလ်၏ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်
    • 05 ဒါဘီအသင်းနှင့်အတူ အောင်မြင်မှုရယူရန် ရွန်နီ မျှော်လင့်
  • DVB
  • Facebook
  • Live
  • Audio
  • Video
  • သတင်း
  • နိုင်ငံရေး
  • စီးပွားရေး
  • လူမှုရေး
  • ကျန်းမာရေး
  • ဘာသာရေး
  • ပညာရေး
  • အလုပ်သမား
  • လယ်သမား
  • အနုပညာ
  • စစ်ရေး
  • မှုခင်း
  • နိုင်ငံတကာ
  • သတင်း
  • အာရှဒေသ
  • အားကစား
  • ဆောင်းပါး
  • ေရဒီယုိ
  • DVB Radio Daily
  • Ethnic Radio
  • မေးမြန်းခန်း
  • လွှတ်တော်ရေးရာ
  • သုံးသပ်ချက်
  • သတင်းတို
  • Privacy Policy
  • Contact

© Copyright 2013 DVB.