အေအေခေါင်းဆောင်၏ ညီမနှင့်ယောက်ဖဖြစ်သူတို့ကို တရားရုံးထုတ်စစ်ဆေး
ဇေယျာချမ်းအေး
·
November 15, 2019
အေအေအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ညီမဖြစ်သူ မမိုးနှင်းဖြူနဲ့ ယောက်ဖဖြစ်သူ ကိုကျော်နိုင်တို့ကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂/ (က)(ခ) (ဂ) တို့နဲ့ ဖမ်းဆီးထားပြီး ဒီကနေ့မနက် မရမ်းကုန်းမြို့နယ် တရားရုံးမှာ ရုံးထုတ်စစ်ဆေးပါတယ်။
သူတို့နှစ်ဦးအတွက် ပထမအကြိမ်ချုပ်ရမန်ကို အောက်တိုဘာ ၂၁ ရက်နဲ့ နိုဝင်ဘာ ၁ ရက်နေ့မှာ ယူခဲ့ပြီး ရုံးချိန်းကို နိုဝင်ဘာ ၁၅ ရက်ကို ပြန်လည် ချိန်းဆိုခဲ့တာပါ။ ဒီနေ့ရုံးချိန်းမှာတော့ တရားစွဲသင့် မစွဲသင့်ကို တရားရုံးကဆုံးဖြတ်သွားမှာပါ။