Home
မြန်မာသတင်း
ဆဲဗင်းဇူလိုင်နေ့ ချီတက်အလေးပြုသူ ဗကသကျောင်းသား ကိုဝေယံဖြိုးမိုးအမှု အမိန့်ချမည်
ချမ်းမြေ့မောင်
·
November 15, 2019
75362349_2540238402878637_105330804464287744_o
77110890_2540238456211965_6822307858932039680_o
75184712_2540238712878606_5810815869286088704_o
74908750_2540238526211958_7053578370214264832_n
74693213_2540238666211944_6548797808877502464_n
ရန်ကုန်တက္ကသိုလ်မှာ ကျင်းပတဲ့ ဆဲဗင်းဇူလိုင်အခမ်းအနားကို  ချီတက်အလေးပြုသူ ဗကသကျောင်းသား ကိုဝေယံဖြိုးမိုးအမှုကို နိုဝင်ဘာ၁၉ ရက်နေ့မှာ အပြီးသတ်အမိန့်ချမှတ်ဖို့ရှိပါတယ်။ ဆဲဗင်းဇူလိုင်အခမ်းအနား ချီတက်အလေးပြုတာနဲ့ပတ်သက်ပြီး ကိုဝေယံဖြိုးမိုးကို ငြိမ်းစုစီပုဒ်မ ၁၉နဲ့ ကမာရွတ်မြို့နယ်တရားရုံးမှာ စွဲဆိုထားတာပါ။ အမှုကို သုံးကြိမ်မြောက်စစ်ဆေးပြီးချိန် ကျူးလွန်သူဘက်က သက်သေတင်သွင်းတာတွေ လျောက်လဲချက်ပေးတာတွေ မပြုလုပ်တဲ့အတွက် အခုလ ၁၉ ရက်နေ့ကို အပြီးသတ်အမိန့်ချမှတ်မှာ လို့ ကမာရွတ်မြို့နယ်တရားသူကြီးက ပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၂၈ ရက်နေ့ကလည်း  ကမာရွတ်မြို့နယ်တရားရုံးမှာ ဗကသ ကျောင်းသား လေးဦးကို ဆဲဗင်းဂျူလိုင်ချီတက်လမ်းလျောက်တာနဲ့ပတ်သက်ပြီး ထောင်ဒဏ်၁၅ ရက် သို့မဟုတ် ငွေဒဏ် ကျပ် ၃၀၀၀၀ ချမှတ်ခဲ့ပါတယ်။ အခုအမှုကလည်း အမိန့်ချခဲ့တဲ့ ကျောင်းသားလေးဦးအမှုနဲ့ အမှုတွဲအတူတူဖြစ်ပြီးတော့ အဲဒီအချိန်က ကိုဝေယံဖြိုးမိုးဟာ အမှုကိုလာရောက်ရင်ဆိုင်ခြင်းမရှိခဲ့ပါဘူး။ သူ့ကို နိုဝင်ဘာ ၃ ရက်နေ့မှာ ရဲတပ်ဖွဲ့ကဖမ်းဆီးရမိခဲ့တာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024