DVB Logo
Home
Lead Story
“တက္ကသိုလ်ကျောင်းက ငွေလမင်း”မြန်မာသံသီချင်းဖြင့် အစွမ်းပြခဲ့သူ အေးမြဖြူ(ရုပ်သံ)
DVB
·
November 15, 2019
“တက္ကသိုလ်ကျောင်းက ငွေလမင်း”မြန်မာသံသီချင်းဖြင့် အစွမ်းပြခဲ့သူ အေးမြဖြူ(ရုပ်သံ)
Donate to DVB

       မနေ့ညက ပြိုင်ပွဲဝင် ၁၀ ယောက် အစွမ်းကုန်ယှဉ်ပြိုင်ခဲ့ကြတဲ့ Myanmar Idol Season 4 ရဲ့ တက္ကသိုလ်အမှတ်တရ သီချင်းတွေနဲ့ညမှာတော့ ပြိုင်ပွဲဝင် အေးမြဖြူက  မြန်မာသံသီချင်းတပုဒ်နဲ့ အစွမ်းပြ ယှဉ်ပြိုင်သွားခဲ့ပါတယ်။

       “ရေလှိုင်းခတ်သံ… သစ်ရွက်ကြွေသံ… ကျေးငှက်မြည်သံ… ကြားပြန်တော့လည်း … မောင့်ကိုပဲ သတိရနေ… ချိုစကားသံနွဲ့ ဆိုဖွဲ့လေသူ… ဘဝပေး၍ ချစ်ရလေသောသူ … အသည်းပေး၍ ချစ်ရလေသောသူ… သက်လုံးပုံ၍ ချစ်ရလေသောသူ”

ဒါကိုကြားလိုက်တာနဲ့ ပရိသတ်တွေကြား ရင်းနှီးပြီးသားဖြစ်တဲ့ “တက္ကသိုလ် ကျောင်းက ငွေလမင်း”သီချင်းထဲက တေးသီချင်းစာသားတွေမှန်း သိကြပြီး ဖြစ်မှာပါ။

တေးရေး မောင်ဆွေနွယ်ရေးစပ်ပြီး နာမည်ကြီးသရုပ်ဆောင်အဆိုတော် ချိုပြုံးသီ ဆိုအောင်မြင်ခဲ့တဲ့ ဒီသီချင်းကို ဒီတခါမှာတော့ အေးမြဖြူရဲ့ ဆန်းသစ်သီဆိုမှုနဲ့ ပရိသတ် တွေက ရှုစားခဲ့ကြရတာ ဖြစ်ပါတယ်။

အသက် ၉ နှစ်အရွယ်လောက်ကတည်းက Starlet’s Sky – ကြယ်ကလေးတွေရဲ့ ဂီတမိုးကောင်းကင်သီချင်းဆိုပြိုင်ပွဲမှတဆင့် Myanmar Idol ရဲ့ စင်မြင့်ဆီကို တက်လှမ်း လာခဲ့တဲ့ အေးမြဖြူဟာ လက်ရှိမှာတော့ အသက် ၁၆ နှစ်အရွယ်ရှိနေပြီဖြစ်ကာ အသက် အငယ်ဆုံးပြိုင်ပွဲဝင်ဖြစ်လာခဲ့ပါတယ်။

အေးမြဖြူဟာ Myanmar Idol ရဲ့ Audition အဆင့်မှာလည်း နီနီခင်ဇော်ရဲ့ သီချင်းတပုဒ်ဖြစ်တဲ့ ရက်စက်သွားသူသီချင်းနဲ့ ယှဉ်ပြိုင်ခဲ့တာပါ။

Top Finalists ၁၁ ယောက် အပြိုင်ကြဲယှဉ်ပြိုင်ကြရမယ့် ပထမသီတင်းပတ်မှာ တော့ ပြိုင်ပွဲဝင်တွေဟာ သူတို့ကြိုက်နှစ်သက်ရာသီချင်းတွေနဲ့ အစွမ်းကုန်ယှဉ်ပြိုင်ခဲ့ကြ တာ ဖြစ်ပြီး အေးမြဖြူက နီနီခင်ဇော်ရဲ့ လွမ်းခွင့်လေး သီချင်းနဲ့ အစွမ်းပြယှဉ်ပြိုင်ခဲ့တာ ပါ။

ရော့ခ်သီချင်းတွေနဲ့ သီဆိုယှဉ်ပြိုင်ရတဲ့ နောက်တပတ်မှာတော့ သူက သရုပ် ဆောင်အဆိုတော် မင်းသားကြီး ကျော်ဟိန်း သီဆိုအောင်မြင်ခဲ့တဲ့ “မြင်သောငိုသော မျက် လုံးများ”သီချင်းနဲ့ အစွမ်းပြပြီး နောက်တဆင့် တက်လှမ်းသွားနိုင်ခဲ့တာပါ။

Myanmar Idol Season 4 သီချင်းဆိုပြိုင်ပွဲရဲ့ ဒိုင်တွေအနေနဲ့ အခုနှစ်မှာတော့ အ ဆိုတော် အောင်ကိုလတ်၊ တင်ဇာမော်နဲ့ ဖြူဖြူကျော်သိန်းတို့က အကဲဖြတ်အမှတ်ပေး နေကြတာဖြစ်ပြီး Host အနေနဲ့ Myanmar Idol Season ၃ ခုလုံးမှာ ပါဝင်တင်ဆက် ပေးခဲ့တဲ့ ကျော်ထက်အောင်က တင်ဆက်ပေးနေတာပါ။

“ဘယ်မူနွဲ့ကစား၍… တိမ်းရှောင်မှုတွေကဲ… ဘယ်သူလှည့်ဖျား၍… စိမ်းယောင် ပြုနေသလဲ… စိုးတထိတ်ထိတ် မဝေခွဲနိုင်ပေ…. ကံ့ကော်ပွင့်ရာ… ငုဝါပွင့်ရာ… စိန်ပန်း ပွင့်ရာ… တက္ကသိုလ်ကျောင်းတော်မှာလေ… ဗျာပွေလှိုက်လှဲ မေတစ်ယောက်တည်း… မပျော်နိုင်ပေ”

အေးမြဖြူရဲ့ သီဆိုယှဉ်ပြိုင်မှုအဆုံးမှာတော့ မြန်မာသံသီချင်းနဲ့ ထူးခြားတဲ့ သီဆို ဟန်အပေါ် ဒိုင်တွေက ချီးကျူးမှတ်ချက်တွေ ပေးခဲ့ကြပြီး ဒိုင်တွေထဲက တဦးဖြစ်တဲ့ ဖြူ ဖြူကျော်သိန်းက “အေးမြဖြူ… ဘာလဲ… ဘယ်လဲဆိုတာကို ပြလိုက်တာပဲ”လို့ ချီးကျူး စ ကားပြောခဲ့တာကို တွေ့ရပါတယ်။

လတ်တလောမှာတော့ ပြိုင်ပွဲဝင်တွေကို မဲပေးရွေးချယ်နိုင်မယ့် Voting Line တွေကို ဖွင့်ထားပေးပြီး MPT, Ooredoo နဲ့ Mytel စတဲ့ ကြိုက်နှစ်သက်ရာ ဖုန်းလိုင်းတွေက တဆင့်လည်း Vote ပေးနိုင်မှာ ဖြစ်ပါတယ်။

အေးမြဖြူရဲ့ Voting No. ကတော့ 77711 ဖြစ်ပြီး ဒီကနေ့ညနေ ၆ နာရီအထိ မဲ ပေးရွေးချယ် အားပေးနိုင်မှာ ဖြစ်ပါတယ်။

Top Finalists ၁၀ ယောက်သာ ကျန်ရှိနေတဲ့ ခုတပတ်ရဲ့ တက္ကသိုလ်အမှတ်တရသီ ချင်းတွေနဲ့ သီတင်းပတ်ရဲ့ Result Show ကိုတော့ ခုညနေမှာ သိကြရတော့မှာ ဖြစ်ပါ တယ်။

ခုတပတ်မှာတော့ ဘယ်ပြိုင်ပွဲဝင်တွေက နောက်တဆင့် တက်သွားမလဲ၊ ဘယ်သူ တွေကတော့ ပြိုင်ပွဲကနေ နှုတ်ဆက်ထွက်ခွာသွားရမလဲဆိုတာကိုတော့ စောင့်မျှော် ကြည့်ရှုကြရတော့မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013