DVB Logo
Home
မြန်မာသတင်း
ဗန်းမော် လွယ်ဂျယ်ကားလမ်းကို ကေအိုင်ကေ ပိတ်
DVB
·
January 23, 2013
Donate to DVB

တရုတ်-မြန်မာနယ်စပ်ကို ဆက်သွယ်ထားတဲ့ ကချင်ပြည်နယ် ဗန်းမော်-လွယ်ဂျယ် ကားလမ်းကို ဇန်န၀ါရီ ၂၃ ရက်နေ့ကစလို့ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)က  ပိတ်ထားလိုက်ပြီး အဲဒီလမ်းကို အသုံးပြုမယ့်မော်တော်ယာဉ်တွေကို တာဝန်မယူဘူးဆိုပြီး ကေအိုင်အေက စာထုတ်ပြန်ထားကြောင်း ဗန်းမော်ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

“မိုးမောက်နားတ၀ိုက် မြို့ထဲရော၊ လွယ်ဂျယ်လမ်းကြောရော ကေအိုင်အေက စာတွေချထားတာရှိတယ်။ ဒီ ၂၃ ရက်ကစပြီး လွယ်ဂျယ်-ဗန်းမော်လမ်းကို သူတို့ပိတ်လိုက်ပြီ သွားရင်တာဝန်မယူဘူးပေါ့။ အဲဒါ အခု ကားသမားတွေ ကြောက်ပြီး ထွက်လို့မရဖြစ်နေတယ်။ ဘယ်နား မိုင်းခွဲမလဲမသိဖြစ်နေတယ်။”

ဗန်းမော်-လွယ်ဂျယ် ကားလမ်း  ပိတ်လိုက်တဲ့အပေါ် ကေအိုင်အေ ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်းက “အဲလိုမကြားမိပါဘူး။ မဖြစ်နိုင်ဘူး။ အမြဲတမ်း အရပ်သားတွေ သွားလာနေတဲ့လမ်းပါ။ ကျနော်တို့ဘက်က အဲလိုပိတ်ပင်တာမျိုး မရှိပါဘူး” လို့ ပြောပါတယ်။

ဗန်းမော်-လွယ်ဂျယ်ကားလမ်းကနေ မြန်မာပြည်ဘက်က ဆန်၊ ပြောင်းဆန် စတဲ့ ကုန်ပစ္စည်းတွေကို တရုတ်ပြည်ဘက်ကို ပို့ဆောင်ပေးသလို တရုတ်ပြည်ဘက်က အထည်အလိပ်၊ အစားအသောက်နဲ့ လူသုံးကုန်ပစ္စည်းတွေကို သယ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

အခုလို ကေအိုင်အိုက ကားလမ်း ပိတ်ပင်လိုက်တဲ့အတွက် သွားရဲတဲ့ ကားသမားတချို့ကတော့ အသုံးပြုနေပြီး ကားခတွေ ဈေးတက်နေတယ်လို့ ဗန်းမော်ဒေသခံက ဆိုပါတယ်။

“ကားသမားတွေက အဆင်းအတက်မလုပ်ရဲတော့ စွန့်ရဲတဲ့ကားသမားတွေကျတော့ အရင် ၁ သောင်း၊ ၁ သောင်း ၂ ထောင်ဆိုရင် ၁ သောင်းခွဲ၊ ၂ သောင်းသွားနေကြတယ်။ ၁၉ ရက်နေ့ကလည်းပဲ ဟိုင်းလတ် ၁ စီးနဲ့ ဗန်ကား ၂ စီး control မိုင်း သူတို့ခွဲတယ်လေ။”

ဗန်းမော်-လွယ်ဂျယ်ကားလမ်းဟာ တရုတ်နဲ့ မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ လမ်းဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013